မိမိကို မိမိသတ်သေခဲ့တာပါ။

သေဆုံးခဲ့တဲ့ ဘူမိဗေဒ တတိယနှစ်တက်နေတဲ့ကျောင်းသားဟာ မွန်လူမျိုးဖြစ်ပြီး မွန်လပြည့်နေ့က အိမ်မှာသေတမ်းစာရေးထားခဲ့ပြီး ပျောက်ဆုံးသွားခဲ့တာပါ။ 

photo- Htin Lin Aung

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဘားလားချောင်းထဲမှာ အောက်တိုဘာလ(၁၇)ရက်နေ့ ညနေ(၆)နာရီဝန်းကျင်လောက်က ပုပ်ပွနေတဲ့ပိုင်ရှင်မဲ့အမျိုးသားအလောင်းမျောပါလာတယ်လို့ ပုလဲမီးသတ်ဦးစီးဌာနမှသိရပါတယ်။ အဆိုပါ မျောပါလာတာတဲ့အလောင်းဟာ ပျောက်ဆုံးနေတဲ့ ဒဂုံတက္ကသိုလ်မှ ဘူမိဗေဒကျောင်းသားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

photo- Htin Lin Aung

“ သူက ဘူမိဗေဒ တတိယနှစ်တက်နေတဲ့ကျောင်းသား။ နာမည်က မောင်သန်းလှိုင်ဦး။ မနေ့ကအလောင်းကိုတွေ့တော့ အလောင်းကပုပ်ပွေနေပြီ။ စစ်ဆေးတော့ပြင်ပဒဏ်ရာဘာမှမရှိဘူး။ သူ့ဘာသာရေထဲခုန်ချပြီးသတ်သေတဲ့သဘော။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်တိုင် သူပျောက်သွားတဲ့နေ့ကတည်းက သူ့အိမ်မှာသေတမ်းစာရေးခဲ့တယ်။ သူတို့ကမွန်လူမျိုးတွေ။ပျောက်သွားတာကလည်း မွန်လပြည့်နေ့က ကျွန်တော်တို့ဗမာလူမျိုးတွေရဲ့ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ပေါ့။ သူရေးခဲ့တဲ့သေတမ်းစာထဲမှာလည်း သူအရမ်းစိတ်ညစ်တယ် အဖေနဲ့အမေကိုနှုတ်ဆက်တဲ့အကြောင်းနဲ့ ကန်တော့ခဲ့ပါတယ်ဆိုတဲ့အကြောင်းတွေကိုရေးခဲ့တယ်” လို့ ပုလဲမီးသတ်စခန်းမှူး ဦးထင်လင်းအောင်က Duwun ကိုပြောပါတယ်။

photo- Htin Lin Aung

သေဆုံးသူရဲ့ခန္တာကိုယ်မှာ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေနဲ့ ဆံပင်ပုံစံကိုကြည့်ပြီး သူ့ရဲ့အဖေကိုယ်တိုင်က သူ့သားဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့တယ်လို့သိရပါတယ်။ သေဆုံးခဲ့တဲ့ကျောင်းသားဟာ ဂိမ်းအရမ်းဆော့ပြီး ပတ်ဝန်းကျင်မှာလည်း အေးအေးဆေးဆေးနေတဲ့သူတစ်ဦးဖြစ်တယ်လို့ ဦးထင်လင်းအောင်ကပြောပါတယ်။ မိသားစုဝင်လေးယောက်ရှိပြီး အစ်ကိုဖြစ်သူကကိုးရီးယားမှာ အလုပ်လုပ်နေတယ်လို့သိရပါတယ်။သေဆုံးသူကျောင်းသား မောင်သန်းလှိုင်ဦးမှာ သူတစ်ဖက်သတ်ချစ်နေရတဲ့ကောင်မလေးနဲ့ သူငယ်ချင်းတချို့က သူ့ကိုနှိမ့်ချပြောဆိုဆက်ဆံမှုတွေရှိလို့ သူစိတ်ညစ်ရကြောင်းကိုလည်း သူ့ရဲ့သေတမ်းစာထဲမှာရေးထားခဲ့တယ်လို့လည်းသိရပါတယ်။ အလောင်းကပုပ်ပွနေတဲ့တာကြောင့် နာရေးကိုတော့စစ်ဆေးမှုတွေအပြီး အမြန်ဆုံးပြုလုပ်သွားမှာဖြစ်တယ်လို့ ဦးထင်လင်းအောင်ကပြောပါတယ်။



က္က