သူခိုးလို့စွပ်စွဲခံရပြီး ကြိုးနဲ့ သစ်ပင်မှာ ကြိုးတုပ်ခံထားရမှု ဖြစ်ပွားခဲ့တာပါ။

အသက် ၁၂ နှစ်အရွယ် လက်တွန်းလှည်းနဲ့ ပစ္စည်းကောက်တဲ့ကလေးနှစ်ဦး သူခိုးလို့စွပ်စွဲခံရပြီး သစ်ပင်မှာ ကြိုးနဲ့တုပ်ခံထားရတဲ့ဖြစ်ရပ် ရွှေပြည်သာမြို့နယ် (၄) ရပ်ကွက်မှာ ဖြစ်ပွားခဲ့ပါတယ်

Photo- Htain Linn Aung

“ဟုတ်ပါတယ်။ အဲ့ဒါက (ယနေ့) ၁၁ နာရီ ၄၅ လောက်မှာဖြစ်တာပါ။ ကလေးနှစ်ယောက်က သံပိုက်လုံးလား သံပြားလားမသိဘူး ယူလို့ဆိုပြီးတော့ မီးသတ်နဲ့ နောက်အဖွဲ့တစ်ခုကရယ် ရဲကိုဖုန်းဆက်တော့ ရဲက ညနေကျမှ လာမယ်ဆိုပြီးတော့ ပြောလို့ တိုင်မှာချည်ထားတယ်တဲ့။ လက်ရှိကတော့ သူတို့ကို အုပ်ချုပ်ရေးမှုးရုံးကို ခေါ်သွားတယ်လို့ ပြောတယ် ” လို့ ရွှေပြည်သာ NLD သတင်းနဲ့ပြန်ကြားရေးအဖွဲ့က ကိုထိန်လင်းအောင်က Duwun ကို ပြောပါတယ်။

အဲ့ဒီကလေးနှစ်ဦးကို ရွှေပြည်သာမြို့နယ်၊ (၄) ရပ်ကွက်က အုပ်ချုပ်ရေးမှုးရုံးကို ခေါ်သွားတယ်လို့ သိရပြီးတော့ လိုက်စောင့်ကြည့်ပေးဖို့ ပြောထားကြောင်း ကိုထိန်လင်းအောင်က ဆက်ပြောပါတယ်။

“ကလေးတွေကတော့ တွန်းလှည်းသမားတွေဆိုတော့ အတိုအစတွေ၊ လမ်းဘေးမှာတွေ့တာကိုတော့ ထည့်တာ ပြုတာရှိမှာပဲလေ။ နာမည်တွေကတော့ ကျွန်တော် အတိအကျသိရမှပြောပါမယ်။ ကလေးတွေကိုတော့ အုပ်ချုပ်ရေးမှုးရုံးဘက်က ခေါ်သွားတယ်လို့ ပြောတယ်။ ကျွန်တော့်အဖွဲ့ကလူတွေကိုတော့ လိုက်ခိုင်းထားတယ်။” လို့သူက ဖြစ်စဉ်ကို ရှင်းပြပါတယ်။

အဆိုပါ ကလေးငယ်နှစ်ဦးကို ဒီလိုကြိုးတုပ်ထားခဲ့တာ ဘယ်သူတွေ ဖြစ်သလဲဆိုတာကိုတော့ အခုလောလောဆယ် မပြောနိုင်သေးဘူးလို့ ကိုထိန်လင်းအောင်က ပြောကြားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က