အမှုဖွင့်ခံရတဲ့သူကိုတော့ အာမခံနဲ့ ပြန်လွှတ်ပေးထားတာပါ။

သူက Facebook ကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံတော်အစိုးရ အကြီးအကဲများအား ရိုင်းပြစော်ကားကာ အကြည်ညိုပျက်စေသော စာသားများကို ရေးသားခဲ့တာကြောင့် ပေါင်းတည်မြို့က အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ်ရဲ့အဖွဲ့ဝင်အမျိုးသမီး တစ်ဦးက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။


ပေါင်းတည်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံတော်အစိုးရ အကြီးအကဲများအား လူမှုကွန်ရက်စာမျက်နှာမှာ အကြည်ညိုပျက်စေသောစာသားများနှင့် ဓာတ်ပုံများဖော်ပြရေးသားသူ တစ်ဦးကို ပေါင်းတည်မြို့မရဲစခန်းမှာ မေလ (၂၉)ရက်နေ့ ညနေပိုင်းက ၆၆(ဃ)နဲ့ အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်း ပေါင်းတည်မြို့မရဲစခန်းမှ သိရပါတယ်။



အမှုဖွင့်ခံရသူက ပေါင်းတည်မြို့နေအမျိုးသားတစ်ဦးဖြစ်ပြီး သူက Facebook ကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံတော်အစိုးရ အကြီးအကဲများအား ရိုင်းပြစော်ကားကာ အကြည်ညိုပျက်စေသော စာသားများကို ရေးသားခဲ့တာကြောင့် ပေါင်းတည်မြို့က အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ်ရဲ့အဖွဲ့ဝင်အမျိုးသမီး တစ်ဦးက အမှုဖွင့်ခဲ့တယ်လို့ ပေါင်းတည်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ အမျိုးသမီး တစ်ဦးက အသရေဖျက်တဲ့ပုံစံနဲ့ ကျွန်တော်တို့ဆီ လာပြီး အမှုဖွင့်တယ်၊ မနေ့ကပဲ တရားလိုဘက်က အမှုဖွင့်လို့ ကျွန်တော်တို့ဘက်က တရားခံကို အမှုနဲ့ဖမ်းဆီးလိုက်တယ်။ ၆၆(ဃ) ကလည်း နောက်ပိုင်းပြင်ဆင်တဲ့ ဥပဒေမှာ အာမခံပေးရတော့၊ အမှုဖွင့်ခံရသူဘက်ကလည်း လုံလောက်တဲ့ခံဝန်သူတွေနဲ့ အာမခံလျှောက်ထားတော့ ကျွန်တော်တို့ အခု အာမခံနဲ့ ပြန်လွှတ်ပေးထားတယ်” လို့ ပေါင်းတည်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

စခန်းဘက်ကတော့ အမှုကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ခိုင်မာအောင်တည်ဆောက်ပြီးတော့ပဲ ဆောင်ရွက်သွားမှာဖြစ်ပြီး တရားလိုဘက်က သက်သေအခိုင်အမာနဲ့ လုပ်ဆောင်နိုင်ရင်တော့ အမှုကဆက်လက်ရင်ဆိုင်လို့ရမှာဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က