ယနေ့ခေတ်မှာ ဘွဲ့ရပြီးအလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေ များစွာရှိနေပါတယ်။

ဘွဲ့ရပြီး အလုပ်လက်မဲ့မဖြစ်အောင် ပညာသင်ကြားနေချိန်မှာပဲ တစ်ဖက်က အသက်မွေးဝမ်းကြောင်းနဲ့ဆက်နွယ်တဲ့ ပညာရပ်တစ်ခုခုကို သင်ကြားဖို့လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် မုံရွာဦးအောင်ရှင်ကပြောပါတယ်။

တက္ကသိုလ်ဘာသာရပ်တစ်ခုခုကနေ ဘွဲ့ရထားပြီး အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ခေတ်ကြီးမှာ ရိုးရိုးပညာရေးစနစ်ကို သင်ကြားနေတဲ့အပြင် တစ်ဖက်ကလည်း အသက်မွေးဝမ်းကြောင်းနဲ့ဆက်နွယ်တဲ့ ပညာရေးစနစ်ကိုသွားဖို့လိုတယ်လို့ ဇူလိုင်လ(၆)ရက်နေ့က ရန်ကုန်မှာကျင်းပပြုလုပ်တဲ့ “ပညာရေးနှင့် အနာဂတ်အခွင့်အလမ်း” ဆွေးနွေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် မုံရွာဦးအောင်ရှင်ကပြောပါတယ်။



“ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောဖူးတယ်။ အလုပ်လက်မဲ့ဖြစ်တာထက် အတွေးအခေါ် အသိအဉာဏ်မဲ့ဖြစ်တာက ပိုပြီးတော့ဆိုးတယ်။ ဒါမျိုးမဖြစ်အောင်တော့ ဒို့ကလုပ်ကြရလိမ့်မယ်။ နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းနေကျဖြစ်တဲ့ ရိုးရိုးပညာရေးကို တစ်ဖက်ကလည်းသွားသလို အသက်မွေးဝမ်းကြောင်းပညာနဲ့နွယ်တဲ့ ပညာရေးစနစ်ကိုလည်း သွားရလိမ့်မယ်။ အဲဒါမှ ဘွ့ဲရပြီး အလုပ်လက်မဲ့ ပြဿနာကို တစ်နည်းတစ်လမ်းနဲ့ ဖြေရှင်းလို့ရမယ်” လို့ မုံရွာဦးအောင်ရှင်က Duwun ကိုပြောပါတယ်။

အစိုးရလုပ်ငန်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေမှာ အလုပ်တွေရဖို့၊ နိုင်ငံတကာမှာအလုပ်တွေရဖို့ ဆိုတာကတော့ ချက်ချင်းတော့လုပ်လို့ မရနိုင်ဘဲ အချိန်တော်တော်များများယူပြီး လုပ်ရမှာဖြစ်လို့ NLD အစိုးရအနေနဲ့ နောက်ထပ်(၅) နှစ်လောက်တာဝန်ယူလို့ရမယ့် အနေအထားမျိုးဖြစ်ရင်တော့ တော်တော်လေးကို အခြေအနေပြောင်းလဲသွားနိုင်တယ်လို့ ယူဆကြောင်းကိုလည်း သူကဆက်လက်ပြောပါတယ်။

၂၀၂ ဝရွေးကောက်ပွဲလည်းနီးလာပြီ ဖြစ်တာကြောင့် နောက်ထပ် မည်သည့် အစိုးရပဲတက်တက် ပညာရေးစနစ်နဲ့ ပတ်သက်ပြီး လက်ရှိ foundation ချထားတာကိုပဲ အခြေခံကာ ဆက်လုပ်သွားကြမယ်လို့ထင်မြင်ကြောင်း မုံရွာဦးအောင်ရှင်ကပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က