ဖေ့စ်ဘုတ် Password တွေကို အလွယ်တကူပေးတာတွေကြောင့် ခိုးယူခံနေရတာပါ။

၂၀၁၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် အတွင်း ဖေ့စ်ဘုတ် ကိုယ်ပိုင် အကောင့် ခိုးယူခံရတာတွေ ပိုမိုဖြစ်ပွားနေပြီး ခိုးယူသူတွေကနေ မိမိ Account အတွင်းရှိ Friendတွေကို မိမိအနေနဲ့ ဟန်ဆောင်ကာ ငွေလိုက်လံချေးတာတွေ ပြုလုပ်တာတွေ ရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဇွန်လ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ဖော်ပြထားပါတယ်။

ဖေ့စ်ဘုတ် အကောင့်တွေခိုးယူခံရပြီး ငွေလိမ်လည်မှုနဲ့ အခြားပြဿနာတွေ ဖြစ်ပေါ်လာရင် နီးစပ်ရာ ရဲစခန်းကို တိုင်ကြားနိုင်ပြီး ခိုးယူခံရတဲ့ အကောင့်တွေကို မှုခင်းရဲတပ်ဖွဲ့မှ အကောင့် ပြန်လည်ရရှိအောင် ကူညီဆောင်ရွက်ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖေ့စ်ဘုတ်သုံးစွဲသူတွေက Password တွေကို အလွယ်တကူ” password” လို့ ပေးခြင်း၊ မွေးနေ့၊ မွေးလ၊ မွေးနှစ်တို့ ပေးခြင်း၊ Username ကို password အဖြစ် ပေးခြင်း၊နေထိုင်တဲ့ မြို့၊ရွာ၊ အလုပ်အကိုင်တို့ကို password အဖြစ်ပေးခြင်း၊ ဖုန်းနံပတ်၊ ဂဏန်း “ 12345” အစရှိတဲ့ အလွယ်တကူမှတ်မိအောင် ပေးတာတွေ ကြောင့် အကောင့်ကို အလွယ်တကူခိုးယူမှုတွေ ရှိလာခဲ့ပါတယ်။

အချို့ဆရာတော်ကြီး တွေ က တပည့်တွေကို Account တွေဖွင့်ခိုင်းစေပြီး အဆိုပါတပည့်တွေက Messenger ကတဆင့် ဆရာတော်ကြီးဟန်ဆောင်ပြီး Friend ဖြစ်တဲ့ ဒါယကာ၊ ဒါယိကာမ ဆီတွေကနေ ငွေလိမ်လည်တာတွေ ရှိခဲ့တယ်လို့ ပြည်ထဲရေးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တချို့တွေက ဖုန်းအရောင်းဆိုင်ဝန်ထမ်းတွေကို ဖေ့ဘုတ်စ် အကောင့်ဖွင့်ခိုင်းရာ ဖွင့်ပေးသူတွေက password ကိုမှတ်ထားပြီး အကောင့်ပိုင်ရှင်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး သတင်း/ ဓါတ်ပုံ/ ဗွီဒီယိုဖိုင်တို့ကို ခိုးယူပြီး တဆင့်ပြန်လည်ရောင်းချတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

Facebook အသုံးပြုသူအချို့မှာ New Account တွေ ထပ်ဖွင့်ပေမယ့် Old Account ကို မဖျက်သိမ်းဘဲထားမိခြင်း၊ Old Account ၏ Password တွေမမှတ်မိဘဲ ၊ Old Account တွင် Friend များ ရှိနေတာကို သတိမပြုမိကြဘဲ Old Account ကို ခိုးယူသူတွေက Messenger မှ တစ်ဆင့် Friend တွေငွေချေးတာတွေ ပြုလုပ်ခဲ့လို့ အချိန်မီဖြေရှင်းတာမရှိရင် ဂုဏ်သိက္ခာကျဆင်းတာတွေ၊ ပြဿနာများ ကြုံတွေ့လာရမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဆိုပါကိစ္စတွေမှာမကြာခဏဖြစ်ပွားနေပြီး တရားခံကို အလွယ်တကူမသိနိုင်တာကြောင့် ရဲစခန်းမှာ အမှုဖွင်ဖို့ အခက်အခဲ ရှိနေတယ်လို့သိရပါတယ်။

ဒါကြောင့် တခြားသူတွေကို ဖွင့်ခိုင်းတဲ့ အကောင့်တွေကို Password အသစ်ထပ်မံပြောင်းလဲခြင်း၊ Password တွင် အက္ခရာ၊ ဂဏန်း၊ သင်္ကေတတို့ ပေါင်းစပ်ပေးခြင်း၊ Facebook ရဲ့ Security and Login Setting မှ Setting Up Extra Security ရှိ Get alerts about unrecognized logins ကို on ပေးခြင်း၊ Use two-factor authentication ကို on ပေးခြင်းစသည့် လုံခြုံရေးအဆင့်မြှင့်တင်ပေးသည့် Setting များအား လေ့လာကာအသုံးချ ခြင်းဖြင့် မိမိ၏ Facebook Account မှာအတန်အသင့် လုံခြုံမယ်လို့ ဆိုပါတယ်။

Account Login အခြေအနေကို မကြာခဏစစ်ဆေးပြီး ကိုယ်ရေးအချက်အလက်တွေကို only me ပြုလုပ်ခြင်း၊ Password ကို လျှို့ဝှက်မှတ်သားပြီး စိတ်ချရတဲ့ ဆွေမျိုးသားချင်းတွေကိုသာ Password ကို အသိပေးထားခြင်း၊ ၁ လလျှင်တစ်ကြိမ် (သို့မဟုတ်) ၃ လကို တစ်ကြိမ် Password အသစ်ပြောင်းလဲခြင်း၊ Old Account အားစနစ်တကျအမြဲတမ်းပိတ်သိမ်းခြင်း (Permanent Deactivation) တွေဆောင်ရွက် ထားသင့်ပြီး ငွေလိမ်လည်ခံရပါတက Friend တွေထံ မိမိဟန်ဆောင်၍ ငွေလိမ်လည်နေကြောင်း Post တင်ကာ Friend အားလုံးထံ Tag ပြုလုပ်ပြီး အသိပေးသင့်တယ်လို့ ဆိုပါတယ်။

ငွေကြေးလိမ်လည်မှုနဲ့ အခြားပြဿနာများဖြစ်ပေါ်ရင် နီးစပ်ရာရဲစခန်းသို့ အသိပေးတိုင်ကြားခြင်း၊ မှုခင်းရဲတပ်ဖွဲ့ကို အချက်အလက်တွေပေးပို့ခြင်း၊ ခိုးယူခံရတဲ့ Account တွေကို အရင်အသုံးပြုခဲ့တဲ့ Email ၊ Username ၊ Password တွေ မှတ်မိရင် မှုခင်း ရဲတပ်ဖွဲ့မှ Account များအား ပြန်လည်ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခြင်း၊ Account အခြေခံအချက်အလက်တွေမမှတ်မိရင် Facebook Team သို့ အကြောင်း ကြားပြီး အကောင့် ပယ်ဖျက်ပေးမယ်လို့ သိရပါတယ်။

FacebookTeam ကလည်း ငွေလိမ်လည်မှုများနှင့် အခြားကိစ္စရပ်တွေအတွက် ကူညီဆောင်ရွက်ပေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က