ရကောင်းရေသန့်သုံးစွဲဖို့ Recycle ပိုက်တွေနေရာမှာ ပိုက်အသစ်တွေ အစားထိုးလဲလှယ်ရမှာပါ။
Mi Thawdar Aung

ပိုက်တွေ လဲလှယ်ဖို့သင့်တယ်ဆိုပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ဘက်ဂျက်တင်ခဲ့ပေမယ့် ရန်ပုံငွေလုံလောက်မှု မရှိတာကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘူးလို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

Photo- YRG

တောင်ဒဂုံမြို့နယ်က ရပ်ကွက်အချို့မှာ ရေပိုက်လိုင်းတွေ အစားထိုးလဲလှယ်ဖို့ ယခုနှစ်မှာ ဘက်ဂျက်မလုံလောက်တာကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာမှ ပြန်လည်ပြင်ဆင်မယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ တောင်ဒဂုံလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က တောင်ဒဂုံ ၅၃၊ ၅၇၊ ၇၀၊ ၇၁၊ ၇၂၊ ၁၀၇ ရပ်ကွက်တွေမှာ ရေကောင်းရေသန့်သုံးစွဲဖို့ Recycle ပိုက်တွေနေရာမှာ ပိုက်အသစ်တွေ အစားထိုးလဲလှယ်တပ်ဆင်ပေးဖို့ အစီအစဉ်ရှိ၊မရှိမေးမြန်းရာမှာ မြို့တော်ဝန်က ဖြေကြားခဲ့တာပါ။

“ အဲဒီရပ်ကွက်တွေမှာ တွေ့ရှိတဲ့ ရေပိုက်လိုင်းတွေကို အစားထိုးလဲလှယ်ဖို့ ရေအလေအလွင့်လည်း မကောင်းဘူး။ နောက်ပြီးတော့ အရင်တုန်းတပ်ထားတဲ့ ပိုက်တွေရဲ့ အရည်အသွေးကလည်း Recycle တွေ ဖြစ်တဲ့အတွက်ကြောင့် ရေရှည်လည်း သိပ်မခံဘူး။ ခဏခဏလည်း ကွဲထွက်တဲ့အတွက် ပြင်ရပါတယ်။” လို့ ဆိုပါတယ်။

အဆိုပါ ရေပိုက်တွေ ပြင်ဆင်ဖို့ ဘက်ဂျက်ထဲမပါလာပေမယ့် ဆိုးဆိုးရွားရွားပျက်စီးပြီး မဖြစ်မနေ ပြုပြင်ရမယ့် အပိုင်းတွေကိုတော့ လာမယ့် ဘဏ္ဍာရေးနှစ်မှာ ပြုပြင်သွားမယ်လို့ သိရပါတယ်။

“  ငွေလုံးငွေရင်း အသုံးစရိတ်မရှိခဲ့ရင်တောင်မှာ သာမာန်အသုံးစရိတ်ကနေပြီး ပြင်ဆင်ထိန်းသိမ်းရေး ငွေစာရင်းခေါင်းစဉ်အောက်က ကျခံပြီး ပြုပြင်ဆောင်ရွက်ပေးပါမယ်” လို့ ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။


က္က