မြေဂရန်တောင်းရာက စတင်ဖြစ်ပွားခဲ့တာပါ။

တောင်ငူမြို့နယ် ကေတုမတီမှာဖြစ်ပွားခဲ့တဲ့ ၂ လောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်ပြီး တရာခံတွေဖမ်းမိခဲ့ပြီလို့ တောင်ငူရဲစခန်းကနေ သိရပါတယ်။

ကေတုမတီမြို့သစ်မှာ နေထိုင်တဲ့ ရဲဝင်းဆိုသူဆီကနေ မြေဝယ်ထားတာကြောင့် မြေပိုင်ရှင်တွေဖြစ်တဲ့ ဦးစိုးသန်းလင်း၊ ဇနီးနဲ့ သမီးတို့ဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက်ပိုင်းက မြေဂရန်တောင်းယူရာကနေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

မြေဂရန်တောင်းယူရင်း အခြေအတင် စကားများရာကနေ ရဲဝင်းနဲ့ သူရဲ ဖခင် ကြည်တိုးဆိုသူက ဦးစိုးသန်းလင်းကို ဓါတ်တိုင်ကြွေသီးနဲ့ မသေမချင်းထုသတ်ခဲ့သလို သူ့ရဲ့ ဇနီးဒေါ်ချောစုစုလင်းကိုလည်း လူအများနဲ့ သမီးဖြစ်သူရဲ့ရှေ့မှာ သတ်ခဲ့ကြပါတယ်။

သေဆုံးသူတွေဟာ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပုသိမ်လမ်းမှာ နေထိုင်သူတွေဖြစ်ကြပြီး သူတို့အသတ်ခံရစဉ်မှာ သမီးဖြစ်သူက အကူအညီတောင်းပြီး ရပ်တန့်ဖို့ကြိုးစားခဲ့ပေမယ့် သမီးဖြစ်သူကိုပါ တိုက်ခိုက်ခဲ့တာကြောင့် ထွက်ပြေးခဲ့ရပြီး ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

အဆိုပါအမှုနဲ့ ပတ်သက်ပြီး ကေတုမတီမြို့သစ်ရဲစခန်းမှာ ပြစ်မှုကျူးလွန်သူလို့ ယူဆရတဲ့ ရဲဝင်းနဲ့ ကြည်တိုးတို့ သားအဖကို (ပ) ၂၉/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၅/၁၁၄ တို့နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။



က္က