အမြင့်ဆုံးသတ်မှတ်ထားတဲ့အတိုးနှုန်းထက် မကျော်ရဘူးလို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဘဏ်တွေက ထုတ်ချေးတဲ့ချေးငွေတွေအပေါ် အတိုးနှုန်းများ ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ ဇန်နဝါရီ ၁၅ ရက်နေ့စွဲနဲ့ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

photo- central bank of myanmar

“အတိုးနှုန်း ၁၃ ရာခိုင်နှုန်းနဲ့ ချေးတဲ့ဟာတွေကို နောက်ပိုင်းမှာ ၁၆ ရာနှုန်းအထိတိုးခွင့်ရှိတယ်လို့ ဗဟိုဘဏ်က စာထွက်တာ။တိုးယူခွင့်ရှိတယ်ပြောတာ။တိုးပါပြောတာတော့မဟုတ်ဘူး။ ဘဏ်တွေကတော့ အပေါင်ပစ္စည်းပါ၊ မပါကို အုပ်စုခွဲတာပေါ့။ မပါရင်တော့ ၁၆ နဲ့ချေးမယ်။ ပါရင်တော့ ၁၃ နဲ့ပေါ့။ အတိုးပေးမှန် မမှန်ကိုလည်း ခွဲမှာပေါ့။ အတိုးပျက်ကွက်ရင်တော့ ၁၆ ပေါ့နော်။ လုပ်ချင်ရင် လုပ်လို့ရတယ်လို့ ပြောတာပေါ့။ ဘဏ်အားလုံးအကျုံးဝင်ပါတယ်” လို့ ဘဏ်လုပ်ငန်းအကြံပေးဖြစ်သူ ဦးရဲမင်းဦးက Duwun ကိုပြောပါတယ်။

အာမခံပစ္စည်းနဲ့ ထုတ်ချေးတဲ့ ချေးငွေတွေအပေါ်ကို အမြင့်ဆုံးအတိုးနှုန်း ဗဟိုဘဏ်နှုန်းထက် ၃ ရာခိုင်နှုန်း (၁၃) ရာခိုင်နှုန်းထက်ပိုပြီး ကောက်ခံခြင်းမပြုရဘူးလို့ ုထုတ်ပြန်ထားတာဖြစ်ပြီးတော့ အဲ့ဒီချေးငွေတွေက မြေ၊ အဆောက်အဦး၊ ရွှေထည်ပစ္စည်း၊ စိန်နဲ့အဖိုးတန်ရတနာတွေ၊ ငွေစုလက်မှတ်၊ အစိုးရငွေတိုက်စာချုပ်၊စ ာရင်းသေအပ်ငွေ အပါအဝင် အပေါင်ပစ္စည်းတွေနဲ့ချေးယူတဲ့ ချေးငွေတွေပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အပေါင်ပစ္စည်းမပါဘဲ ငွေချေးတာတွေကိုတော့ ဗဟိုဘဏ်အတိုးနှုန်းထက် ၆ ရာခိုင်နှုန်း(၁၆) ရာခိုင်နှုန်းထက် ကျော်လွန်ကောက်ခံခြင်း မပြုရဘူးလို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဗဟိုဘဏ်အတိုးနှုန်းကတော့ ၁၀ ရာခိုင်နှုန်းအတိုင်း မပြောင်းလဲဘဲရှိမှာဖြစ်ပြီး အမြင့်ဆုံးသတ်မှတ်ထားတဲ့ အတိုးနှုန်းထက်မကျော်ရဘူးလို့ ထုတ်ပြန်ထားပါတယ်။



က္က