မြောက်ဥက္ကလာ ဆေးတက္ကသိုလ် (၂) မှာ Final Part 2 တက်နေတာပါ။

ဗဟန်းမြို့နယ် မြန်မာပလာဇာနားက ဘတ်စကက်ဘောကွင်းမှာ ကစားနေတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦးလျှပ်စစ်စီးနေတဲ့ ခြံစည်းရိုးကို ထိမိပြီး ဓါတ်လိုက်သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သေဆုံးသူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကသိရပါတယ်။



37370025_1922697834695733_6756023169091371008_n.jpg

ဓါတ်ပုံ - Htut Myo Lwin Facebook



မြန်မာပလာဇာအနီးက ဖူဆန်ဘုံကျောင်း ဘတ်စကတ်ဘောကစားကွင်းမှာ ကစားနေစဉ်မှာခြံစည်းရိုးက လျှပ်စစ်စီးနေတာကို မသိပဲ သွားထိမိတာကြောင့် အသက်ဆုံးပါးသွားရတယ်လို့ သေဆုံးသူရဲ့ သူငယ်ချင်းတစ်ယောက်ကပြောပါတယ်။



သေဆုံးသူ ဆေးကျောင်းသား ကိုထွဋ်မျိုးလွင်သည် မြောက်ဥက္ကလာက ဆေးတက္ကသိုလ် ၂ မှာ နောက်ဆုံးနှစ် အပိုင်း ၂ ကို တက်နေတာဖြစ်ပါတယ်။



ဓါတ်လိုက်မှုဖြစ်စဉ်ကြောင့် ကိုထွဋ်မျိုးလွင်ကို ရန်ကင်းဆေးရုံကိုပို့တဲ့ အချိန်မှာ သေးဆုံးနေပြီးဖြစ်တာကြောင့် မြောက်ဥက္ကလာဆေးရုံကြီးကိုခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။



ဗဟန်းမြို့နယ်လျှပ်စစ်ရုံးတာဝန်ရှိသူတစ်ဦးကတော့ "ဖြစ်တဲ့နေရာမှာ စစ်ဆေးမှုတွေနဲ့ ပြင်ဆင်မှုပြုလုပ်ဖို့ လုပ်နေကြပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ သေချာမပြောနိုင်သေးပါဘူး။"လို့ ဓူဝံကိုပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က