ရဲတပ်ဖွဲ့အကြောင်းရေးလို့ဖြစ်ပါတယ်။
ဖမ်းဆီးခံရသည့် ဒေါက်တာဝင်းကိုကိုသိန်းကို ပျဉ်းမနားမြို့မရဲစခန်းတွင် စစ်ဆေးမေးမြန်းနေတယ်လို့ ရောက်ရှိသတင်းရယူနေတဲ့ သတင်းမီဒီယာတွေဆီကနေ သိရပါတယ်။

Photo - အောင်ခန့်

ဗစ်တိုးရီးယားလေးအမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို သံသယရှိတယ်လို့ ရေးသားခဲ့တဲ့အတွက် သက္ကမိုးညိုအကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းကို ပျဉ်းမနားမြို့မရဲစခန်းက အမှုဖွင့်ထားပါတယ်။

ဗစ်တိုးရီးယားလေးရဲ့ အမှုအကြောင်းမှာ သံသယဖြစ်ဖွယ်အချက်အလက်တွေနဲ့ ထောက်ပြနေတဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင်ဖြစ်သူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းကို ဒီနေ့ဇူလိုင်လ ၁၀ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ရောက်ရှိသတင်းရယူနေတဲ့ သတင်းမီဒီယာတွေဆီကနေ သိရပါတယ်။

လက်ရှိအချိန်မှာ ဒေါက်တာဝင်းကိုကိုသိန်းကို အာမခံငွေ သိန်း ၁၀၀ နဲ့ အာမခံပေးထားပါတယ်။ ဒေါက်တာဝင်းကိုကိုသိန်းကတော့ "ကျွန်တော်ဆက်ပြီး လုပ်ဆောင်သွားမှာပါ။"လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သူ့ကို အီလက်ထရောနစ်ဥပဒေ ပုဒ်မ၃၄(ဃ)ဖြင့် ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်ကအမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက Duwun ကိုအတည်ပြုပြောပါတယ်။ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၄(ဃ)ဟာ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားတယ်ဆိုရင်တော့ ငွေဒဏ် သိန်း (၅၀)ဒါမှမဟုတ် ထောင်ဒဏ် (၁)နှစ်မှ (၃)နှစ်အထိ ကျခံနိုင်ကြောင်း ဥပဒေမှာ ပြဌာန်းထားပါတယ်။

Share

Loading Next Article...
က္က