ဇွန်လ ၁၃ရက်နေ့က မှုခင်း ဖြစ်ပွားခဲ့တာပါ။

မူးယစ်ဆေးဝါးဝယ်ဖို့ အပေါင်ထားခဲ့တဲ့ဖုန်းကို ပြန်ရွေးဖို့ ပိုက်ဆံမရှိတာကြောင့် ပြန်လည်တောင်းခံရာကတဆင့် အဆင်မပြေတာဖြစ်ပြီး လူသတ်မှု ဖြစ်ပွားခဲ့တာလို့သိရပါတယ်။

ဓာတ်ပုံ - တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့

တနင်္သာရီတိုင်းဒေသကြီး၊ရေဖြူမြို့နယ်အတွင်းက မီးရထားဝန်ထမ်း မိသားစု ၃ဦး အသတ်ခံရတဲ့ အမှုမှာ အဓိက တရားခံနဲ့ အပေါင်းအပါ ၄ဦးစလုံးကို ဇွန် ၂၄ ရက်က ဖမ်းဆီးရမိခဲ့ပြီလို့ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက တဆင့် သိရပါ တယ်။

တရားခံမှာ မူးယစ်ဆေးဝါးဝယ်ယူဖို့‌‌‌ငွေမရှိသဖြင့် သူငယ်ချင်းဖြစ်သူ ဇော်လင်းရဲ့ ဖုန်းကို အသတ်ခံရသူ အောင်ကျော်ထွန်းထံ အပေါင်ထားပြီး မူးယစ်ဆေးဝါးသုံးစွဲခဲ့တယ်လို့သိရပါတယ်။

နောက်ပိုင်းမှာ ဖုန်းကို ပြန်ရွေးပေးဖို့လည်း ငွေမရှိသဖြင့် အောင်ကျော်ထွန်းရဲ့ နေအိမ်ကို ဇွန် ၁၂ရက်နေ့ကသွားရောက် ပြီး ဖုန်းပြန်လည်ရရှိရေး‌တောင်းခဲ့ပေမယ့် အဆင်မပြေတာကြောင့် အသင့်ပါလာတဲ့ ဓါးနှင့်ထိုးခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့ထံကတဆင့် သိရပါတယ်။

“ကျွန်တော်တို့ အနေနဲ့ တရားခံကို ဖမ်းဆီးရမိပြီဆိုပေမယ့် အမှုမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတာကို ရှာဖွေ တွေ့ရှိခဲ့ရပါတယ်။အဲ့ဒါကြောင့် နောက်ထပ်မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့လည်း ကွင်းဆက်ရှာဖွေ စုံစမ်း စစ်ဆေးသွားမှာပါ။”လို့ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက Duwun ကိုပြောပါတယ်။

ဒီလူသတ်မှုဖြစ်စဉ်ကတော့ ဇွန်လ ၁၃ရက်နေ့ ည ၁၁ နာရီဝန်းကျင်လောက်မှာ အထက်ရေဖြူမြို့ ဥုံသာရံရထားလမ်းဘေးက နေအိမ်မှာ မိသားစုလိုက် အသတ်ခံခဲ့ရတာပါ။ မိဘနှစ်ပါးနဲ့အတူ ၁ နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးပါ အသတ်ခံခဲ့ရတာဖြစ်ပြီး ဒီဖြစ်စဉ်အပေါ် တနင်္သာရီတိုင်းဒေသကြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့အဖွဲ့က လိုက်လံစုံစမ်းရာကနေ တရားခံဖမ်းမိခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့တရားခံတွေကို လူသတ်မှု ပုဒ်မ ၃၀၂၊လူသတ်မှုကို အားပေးကူညီမှု ပုဒ် မ ၁၁၄တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က