ပတ်ဝန်းကျင်နေထိုင်သူတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေကြပါတယ်။

ကိုဗစ်ကူးစက်ပျံ့နှံ့မှု များနေတဲ့ရန်ကုန်မှာ လူနာအရေအတွက်များပြားလျှက်ရှိနေပြီးဆက်တိုက်ဆိုသလို ပိုးတွေ့လူနာသစ်တွေတိုးနေတာကြောင့် ဆေးရုံတွေမှာ နေရာအခက်အခဲတွေ ရှိနေပါတယ်။

ဆေးရုံနေရာအခက်အခဲကြောင့် လှိုင်မြို့နယ်အတွင်းက အနံ့မရရှိတဲ့ လူနာ (၈၂)ဦးကိုတော့ လက်ရှိအချိန်ထိ နေအိမ်တွေမှာပဲ အသွားအလာကန့်သတ်ထားရတယ်လို့ သိရပါတယ်။



“ ဒီနေ့ထိတော့ နေအိမ်တွေမှာပဲ အသွားအလာကန့်သတ်ထားပါတယ်။ လက်ရှိမှာက ဆေးရုံတွေမှာလည်း လူနာတွေကို လက်ခံဖို့ ခက်ခဲနေတော့ အခု(၈၂)ဦးကို တစ်နေရာတည်းမှာပဲ စုထားဖို့စီစဉ်နေပါတယ်။ အခု RC2ထဲက မေခဆောင်မှာပြင်ဆင်ထားပါတယ်။ ကျန်းမာရေးအထောက်အကူပစ္စည်းတွေအပါအဝင် လိုအပ်တာတွေအားလုံးပေါ့။ တာဝန်ရှိသူတွေလည်းတင်ပြထားပါတယ် ခွင့်ပြုချက်ရတာနဲ့ အားလုံးကို ဒီမှာပဲ ထားမှာပါ”လို့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦး​အောင်ကျော်ကျော်ဦးက Duwun ကိုပြောပါတယ်။

အခု အနံ့ပျောက်နေတဲ့ သူ (၈၂)ဦးက လှိုင်မြို့နယ် Hlaing Fever Clinic ကို လာပြတဲ့သူတွေထဲက(၅၂)ဦးနဲ့ ကိုယ်တိုင်လာပြီး သတင်းပို့တဲ့ သူ (၃၀)ဦး တို့ဖြစ်ပါတယ်။လက်ရှိမှာတော့ အနံ့ပျောက်နေတဲ့ လူနာတွေကို နေအိမ်မှာပဲ ထားရှိတာကြောင့် ပတ်ဝန်းကျင်နေထိုင်သူတွေအနေနဲ့က စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန်မှာ ကိုဗစ်ပိုးကို ထိန်းချုပ်နိုင်ဖို့အတွက် စက်တင်ဘာလ (၂၁)ရက်နေ့စပြီး Stay at homeနေထိုင်ကြဖို့ ထုတ်ပြန်ကြေညာထားပါတယ်။ လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုဗစ်လူနာ ( ၇၈၂၇)ဦးမှာ ရန်ကုန်က (၄၇၃၄)ဦးထိပါဝင်နေပါတယ်။ ရန်ကုန်ကပိုးတွေ့လူနာ စာရင်းထဲမှာတော့ လှိုင်မြို့နယ်က (၂၁၄)ဦးပါဝင်ပါတယ်။

Share

Loading Next Article...
က္က