Hmue Eain Zaw

Facebook အနေနဲ့ မြန်မာနိုင်ငံရဲ့လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူက Duwun ကိုပြောပါတယ်။

Facebook ရဲ့ ယုံကြည်စိတ်ချရတဲ့ နည်းပညာထုတ်ကုန်တွေ၊ ကျွမ်းကျင်တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ မူဝါဒချမှတ်ရေးအဖွဲ့တွေက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို လေ့လာစောင့်ကြည့်ပြီး စိန်ခေါ်မှုမျိုးစုံနဲ့ ကူညီလမ်းပြပေးဖို့ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း Facebook ပလက်ဖောင်းကို အလွဲသုံးစားလုပ်နေတာတွေကို ရှင်းလင်းလုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ဒီလို Facebook ကိုအလွဲသုံးစားလုပ်တာကို ဖယ်ရှားဖို့ဆိုတာ Facebook ရဲ့ ဦးစားပေးလုပ်ငန်းဖြစ်တယ်လို့ပြောပါတယ်။



မြန်မာနိုင်ငံရဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်တွေနဲ့ ကိုယ်စားပြုနိုင်ငံရေးပါတီတွေရဲ့ စာမျက်နှာတွေကို Hack လုပ်ပြီး အယောင်ဆောင်အသုံးချတာတွေကနေ ကာကွယ်ဖို့ နည်းလမ်းတွေရှာဖွေနေပြီးတော့ ရွေးကောက်ပွဲနီးလာရင် အဲ့ဒီ စာမျက်နှာ Admin တွေဆီကို Email ပေးပို့ ဖို့လည်းရှိနေတယ်လို့ Facebook တာဝန်ရှိသူက Duwun ကိုပြောပါတယ်။

ဒါ့အပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကနေ ထောက်ပြလာတဲ့ အကြောင်းအရာတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့နဲ့ ဝန်ထမ်းတွေပိုပြီးထားရှိဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က