(၁၅ )ရက်တာပြသမှာပါ။
Mi Thawdar Aung

အက၊ ပန်းချီ၊ ဓာတ်ပုံ၊ ဂီတစတဲ့ အနုပညာ ဖန်တီးမှုတွေက တဆင့် ဖေ့ဘုတ်မှာ အမုန်းစကားပြောဆိုမှုတွေ လျှော့ချဖို့ ရည်ရွယ်ပြီးတော့ စကားအလှကုထုံး အနုပညာပြပွဲကို နိုဝင်ဘာ ၂ ရက်ကနေ နိုဝင်ဘာ ၁၅ ရက်ထိ ဝန်ကြီးများရုံးမှာ ဖွင့်လှစ်ပြသထားမှာဖြစ်ပါတယ်။ 

အင်တာနက်အသုံးပြုသူတွေ ကိုယ်ချင်းစာစိတ်၊ ကြင်နာစိတ်တွေ တိုးပွားလာပြီး တစ်ယောက်နဲ့တစ်ယောက် တိုက်တွန်းပြောဆိုလာအောင် ဖန်တီးပုံဖော်ထားတဲ့ အနုပညာလက်ရာတွေ၊ ဖန်တီးပြသမှုတွေ အမျိူးမျိုးကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ပွဲတော်ရက်အတွင်း မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသသွားမှာဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်တယ်လို့သိရပါတယ်။

" အွန်လိုင်းပေါ်မှာ အကောင်းမြင်စိတ်တွေ တိုးလာအောင် တိုက်တွန်းပေးနိုင်တဲ့ အနုပညာဖန်တီးမှုတစ်ခု ပျံ့သွားပြီဆိုရင် တစ်ဦးနဲ့ တစ်ဦး လက်ဆင့်ကမ်းပြီး လူတွေအားလုံးပါဝင်လာအောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်'' ပါဝင်ဖန်တီးတဲ့ အနုပညာရှင်တစ်ဦး ဖြစ်သူ ကိုစိုင်းလင်းထက်ပြောပါတယ်။

 '' Facebook မှာ အမုန်းစကားစာစုတွေကို ဖယ်ရှားနိုင်ဖို့ နည်းပညာအပြင် အသုံးပြုသူတွေဆီက တိုင်ကြားတာတွေရယူပြီး လျော့နည်းပပျောက်အောင် ကြိုးစားနေပါတယ်။'' လို့ Facebook APAC ရဲ့ဘHead of Policy Programs ဖြစ်သူ Beth Ann Lim က ဆိုပါတယ်။ 

စကားအလှထုံး အနုပညာပြပွဲမှာ နယ်ပယ်အသီးသီးက အနုပညာရှင် (၁၀) ဦးပါဝင်သွားမှာဖြစ်ပြီး အမုန်းစကားလျှော့ချရေး နဲ့ပတ်သက်တဲ့ ကဗျာစာစုတွေ၊ ပန်းချီတွေ၊ ဓာတ်ပုံတွေနဲ့ ပြဇာတ်တွေ၊ ဂီတဖျော်ဖြေပွဲတွေကို ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။


က္က