ကိုယ်ခံစွမ်းအားကောင်းနေစေဖို့ ကိုယ်တွင်းသွေး ပမာဏ ကောင်းမွန်ပြီးမိမိကိုယ်ကိုဗိုင်းရပ်စ်ကူးစပ်မှုမှ ကာကွယ်နိုင်ရန်အတွက်အရေးကြီးလျက်ရှိပါတယ်။
Phyo Min Thant

Mega Lifesciences မှထိပ်တန်းသံဓာတ်အားဖြည့်ဆေး အမှတ်တံဆိပ်ဖြစ်တဲ့ Ferrovit Myanmar ဟာ နာမည်ကျော်အနုပညာရှင် စုံတွဲ ချစ်သုဝေနှင့်လင်းလင်းတို့ ထူထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းသို့ Ferrovit ဆေးဗူးထောင်နှင့်ချီပြီး လှူဒါန်းလိုက်ပါတယ်။

Ferrovit Myanmar ဟာ ဆေးဗူးပေါင်း (၃,၀၀၀)အား ခေတ်သစ်ဖောင်ဒေးရှင်းမှတဆင့် ဗဟိုကျန်းမာရေး ဓာတ်ခွဲဌာန၊ Covid-19 ကို ရှေ့တန်းမှကာကွယ်ကုသပေးနေသော ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Clean Yangon ပရဟိတအဖွဲ့မှ ကူညီပေးနေသော ဆင်းရဲနွမ်းပါးပြည်သူ များ စတဲ့ လိုအပ်နေသူများအားလုံးကို ထောက်ပံ့ပေးသွားရန်ရည်ရွယ်ကာ လှူဒါန်းလိုက်ကြောင်း ဇွန်လ၊ ၁၆ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက် အရ သိရပါတယ်။

ယခုလို ကပ်ရောဂါဘေးကာလအတွင်းမှာ ပြည်သူတွေရဲ့ ကိုယ်ခံစွမ်းအားကောင်းနေစေဖို့ ကိုယ်တွင်းသွေး ပမာဏ ကောင်းမွန်ပြီးမိမိကိုယ်ကိုဗိုင်းရပ်စ်ကူးစပ်မှုမှ ကာကွယ်နိုင်ရန်အတွက်အရေးကြီးလျက်ရှိပါတယ်။

သံဓာတ်ဟာ သွေးတွင်းအောက်ဆီဂျင်ကိုသယ်ဆောင်ပေးသည့်အဓိက အခန်းကဏ္ဍမှ ပါဝင် သောကြောင့် လူတိုင်းအတွက် အလွန်အရေးကြီးပါတယ်။

သံဓတ်ချို့တဲခြင်းကြောင့် ဖြစ်ပေါ်တဲ့ သွေးအားနည်းရောဂါဟာ မြန်မာနိုင်ငံရှိအမျိုးသား၊ အမျိုးသမီးများအကြားပုံမှန် အဖြစ်များတဲ့ သွေးအားနည်းရောဂါဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ လူ၁၀ယောက်မှာ ၄ယောက်ဟာသွေးအားနည်း ရောဂါခံစားရလျက်လည်း ရှိပါတယ်။

ဒါကြောင့်Ferrovit ကိုသောက်သုံးခြင်းအားဖြင့်သွေးပမာဏကို ဖြည့်တင်းပေးနိုင်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ရန်လည်း အထောက်အကူပြုပါတယ်။

Mega Lifesciences Limitedမှ Ferrovit အမှတ်တံဆိပ်၏ သံတမန်ဖြစ်သူ သရုပ်ဆောင်ချစ်သုဝေရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းမှတဆင့် Covid-19 ကာလအတွင်း ရန်ကုန်မြို့ နေရာဒေသ အသီးသီးရှိ ဆင်ရဲနွမ်းပါးပြည်သူများကို ရက်ရက်ရောရော ထောက်ပံ့ကူညီပေး နေတာကြောင့် သူမရဲ့ ဖောင်ဒေးရှင်းမှ တဆင့်လှူဒါန်းရခြင်းဖြစ်ကြောင်း သိရပါတယ်။

“Covid-19ကာလအတွင်း တိုက်ဖျက်ရေးဆက်လက်လုပ်ဆောင်နေချိန်မှာ ကျွန်မတို့ဖောင်ဒေးရှင်း ကနေ ရန်ကုန်မြို့ နေရာဒေသအသီးသီးက ဆေးရုံတွေ၊ အိမ်ထောင်စုတွေနဲ့ လိုအပ်နေသူတွေအတွက် အထူးသဖြင့်အခုလိုအကျပ်အတည်းကာလမှာ ပြည်သူတို့ရဲ့ကျန်းမာရေးနဲ့ စားဝတ်နေရေး အဆင်ပြေဖို့ အဓိကလိုအပ်ချက်တွေဖြစ်တဲ့ ဆေးဝါးတွေ၊ အစားအစာတွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့ ပေးနေပါတယ်။ အခုလိုလိုအပ်ချက်ရှိနေစဉ်ကာလမှာ ကျွန်မတို့ဖောင်ဒေးရှင်းကနေတဆင့် ကူညီ ထောက်ပံ့ပေးတဲ့အတွက် Mega Lifesciences ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်” လို့ ချစ်သုဝေက ပြောပါတယ်။

သွေးအားနည်းရောဂါဟာ အမျိုးသမီးများကြား အဓိကဖြစ်ပွားကာ အသက်အရွယ်မရွေးဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေးပြဿနာဖြစ်ပြီး မောပန်းနွမ်းနယ်ခြင်း၊ခေါင်းမူးခြင်း၊အားအင်ကုန်ခမ်းခြင်းနှင့်အသက်ရှူ မဝခြင်း စတဲ့ လက္ခဏာာများခံစားရတတ်ပါတယ်။

Ferrovit Myanmar အကြောင်းနှင့် လှုပ်ရှားမှုများကို ပိုမိုသိရှိလိုပါက Ferrovit Myanmar Facebook စာမျက်နှာဖြစ်တဲ့  www.facebook.com/ferrovitmyanmar/ မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

(ဒီသတင်းကို Ferrovit Myanmar မှပံ့ပိုးကူညီထားပါတယ်)


က္က