သင်္ဃန်းကျွန်းမြို့နယ်ဆေးရုံကြီးကို လွှဲပြောင်းဖို့စီစဉ်နေတယ်လို့ သိရပါတယ်။
Ei Ei Mar

အင်းစိန်မြို့နယ်က Fever Clinic ဆေးခန်းကို လာရောက်ပြသတဲ့ လူနာတစ်ဦးမှာ ကိုဗစ်ရောဂါ လက္ခဏာတွေ့ရှိရတဲ့အပြင် အရေးပေါ်အခြေအနေဖြစ်နေတာကြောင့် သင်္ဃန်းကျွန်းမြို့နယ်ဆေးရုံကြီးကို လွှဲပြောင်းဖို့စီစဉ်နေတယ်လို့ Community Fever Clinic Yangon Networkက မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

" ဒီနေ့ဆိုရင် လာပြတဲ့ သက်ကြီးတွေပါတယ် သက်ကြီးရွယ်အိုတွေလာပြတယ် ၊ဒီထဲက တစ်ဦးက ဆီးချိုအခံရှိတယ်၊ရင်ကြပ်ပန်းနာ အခံရှိတယ်အသက်လည်းကြီးတယ်၊မောလည်းမောနေတယ်၊ဖျားလည်း ဖျားနေတယ်၊ ရက်လည်းရှည်နေတယ်ဆိုတော့ emergency အခြေအနေဖြစ်နေတယ်။ ဒါကြောင့် ချက်ခြင်းကုသမှုပေးတယ်။ ချက်ချင်း သင်္ဃန်းကျွန်းစံပြဆေးရုံကိုလွှဲဖို့ စီစဉ်တယ်။ဆေးရုံတွေက emergency အတွက် ကုတင် ၂ လုံး ၊ဒါမှမဟုတ် ၃ လုံးလောက်တော့ ချန်ထားတယ်။ " လို့ Community Fever Clinic Yangon Networkက မှ တာဝန်ခံ ဒေါက်တာ ကျော်မင်းထွန်းကပြောပါတယ်။

အင်းစိန်မြို့နယ် Fever Clinic မှာ လာရောက်ပြသသူတစ်ဦးအား ကျန်းမာရေး စစ်ဆေးနေစဉ် (ဓာတ်ပုံ - ဒေါ်မာမာကြည်)

အဆိုပါ လူနာဟာ တာမွေမြို့နယ်မှာနေထိုင်သူဖြစ်တာကြောင့် သူနဲ့နီးစပ်တဲ့ သင်္ဃန်းကျွန်းဆေးရုံကြီးကို လွှဲပြောင်း ကုသမှုခံယူဖို့ လုပ်ဆောင်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

 ဆေးခန်းကိုလာရောက်ပြသ သူတွေထဲကမှ Swab ယူဖို့ လိုအပ်သူတွေကို Swab ယူပြီး ဓာတ်ခွဲစစ်ဆေးဖို့ ပို့ပေးတာဖြစ်ပါတယ်။အဲ့ဒီနောက် ဆေးစစ်ချက်အဖြေမသိရှိရခင် မိမိနေအိမ်မှာသာ သီးသန့်နေထိုင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

" သောကြာနေ့က ဓာတ်ခွဲနမူနာ ရယူတဲ့ ၂၀ ထဲက ၆ ဦး positive တွေ့တယ်။ တနင်္လာနေ့က ယူတဲ့ ၃၂ ယောက်ထဲကလည်း Positive တော်တော်များများ တွေ့ဖို့ များတယ်။ "လို့ ကိုကျော်မင်းထွန်းကပြောပါတယ်။

 အင်းစိန် Fever Clinic မှာ ကိုဗစ်ဓာတ်ခွဲနမူနာ ရယူခြင်းကိုတော့ စက်တင်ဘာလ ၁၁ ရက်နေ့ထဲက စတင်ခဲ့တာဖြစ်ပြီး မနက်ဖန်မှာလည်း Swab ယူသွားဖို့ ရှိတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က