၆ ယောက်မှာ ၁ ယောက်ဂိမ်းစွဲနေပါတယ်။
ကျောင်းသား ကျောင်းသူတွေကြားထဲမှာ ဂိမ်းအလွန်အကျွံစွဲလမ်းမှုပပျောက်ရေးလုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

Photo - Myanmar State Counsellor Office



ဇွန်လ ၁၂ ရက်နေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုမှာ ကျင်းပတဲ့ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲမှာ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားသွားခဲ့တာပါ။

၂၀၁၆ ခုနှစ်မှဆောင်ရွက်ခဲ့တဲ့ (2016) Myanmar Global School Health Survey –GSHS အရ ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးလျှင်တစ်ဦးသည် video ကြည့်တာနဲ့ ဂိမ်းကစားတာ စတဲ့ Screen time အသုံးပြုချိန် ပိုများလာတာကိုတွေ့ရတယ်လို့ စစ်တမ်းကို ကိုးကားပြီး ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

Photo - Myanmar State Counsellor Office

ဒါ့အပြင် ဆယ်ကျော်သက်လူငယ်တွေအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားတဲ့ တစ်နေ့ကို အနည်းဆုံး တစ် နာရီလောက် ကိုယ်လက်လှုပ်ရှားမှုရှိရမယ်ဆိုတဲ့ အချက်မှာလည်း ကျောင်းသား ကျောင်းသူ ၁၀ ယောက်မှာ ၁ ယောက်ပဲရှိနေတယ်လို့ဆိုပါတယ်။

ကျောင်းသားလူငယ်တွေရဲ့ ကိုယ်လက်လှုပ်ရှားမှု တိုးတက်လာစေဖို့ အတွက် ကျောင်းသင်ရိုးညွှန်းတမ်းပါ ကာယပညာ (Physical Education) အချိန်တွေမှာစနစ်တကျလေ့ကျင့်ကြပြီး အားကစားပြိုင်ပွဲတွေ လုပ်ပေးခြင်းအားဖြင့် ဂိမ်းအလွန် အကျွံစွဲလမ်းမှုတွေ လျော့နည်းသွားနိုင်ပြီး အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ အသင်းအဖွဲ့ အလိုက် ပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့ ကူညီရိုင်းပင်းစိတ်များ တိုးတက်လာမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

Photo - Myanmar State Counsellor Office

စစ်တမ်းတွေအရ ၁၃ နှစ်နဲ့ ၁၇ နှစ်အကြား ဆယ်ကျော်သက်တွေမှာ အာဟာရချို့တဲ့မှုနှုန်း ၁၈ ရာခိုင်နှုန်းတွေ့ရပြီး ကိုယ်အလေးချိန်များခြင်းနဲ့ အဝလွန် ခြင်း ၁၀ ရာခိုင်နှုန်းခန့် တွေ့ရှိနေရတာကြောင့် အာဟာရချို့တဲ့ခြင်းနဲ့ အာဟာရ လွန်ကဲတဲ့ ပြဿနာတွေဖြစ်နေတယ်လို့လည်း ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က