အသက် (၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။


ဒီကနေ့က ထပ်တိုးလူနာနံပါတ် (၂၄၄)က ရခိုင်ပြည်နယ် မောင်တောမြို့က ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လာတဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ 

အသက်(၂၅)နှစ်အရွယ် လူနာနံပါတ်(၂၄၄)က ဇွန်လ (၄)ရက်နေ့ ဘင်္ဂလားဒေ့ရှ်ကနေပြန်လည်ခိုးဝင်လာတဲ့ သူဖြစ်ပြီး သူနဲ့ ထိတွေ့ခဲ့သူတွေအားလုံးကိုတော့ Quarantine ထားရှိသွားမယ်လို့ သိရပါတယ်။ 



“ မောင်တောမှာက ဘင်္ဂလားဒေ့ရှ်ကနေပြန်ပြီးခိုးဝင်လာတဲ့သူ (၁၇)ဦးရှိပါတယ်။ (၁၇)ဦးလုံးကိုလည်း Quarantine ထားရှိသလို ဒီ(၁၇)ဦးထဲကပဲ ပထမတစ်ဦးရောဂါတွေ့ရှိထားပါတယ်။ ပထမလူနာနဲ့ထိတွေ့ထားသူတွေကိုလည်း Quarantine ထားရှိထားတယ်။ အခုလူနာနဲ့ထိတွေ့ထားသူတွေကိုလည်း Quarantine ထားရှိသွားမယ်” လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဦးစိုးအောင်က Duwun ကိုပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လာတဲ့သူ (၁၇)ဦးထဲမှာ (၂)ဦးရောဂါပိုးတွေ့ရှိထားပြီး ခိုးဝင်လာတဲ့အတွက် ရောဂါကင်းစင်သွားရင် အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့လည်းသိရပါတယ်။

ယခင်နှစ်တွေတုန်းက ရခိုင်မှာ အကြမ်းဖက်ဖြစ်စဉ်တွေဖြစ်တုန်း ထွက်ပြေးတိမ်းရှောင်တဲ့ သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာ အတည်ပြုလူနာ (၄)ဦးရှိပြီး လူနာနံပတ် (၂၃၄)နဲ့ (၂၄၄)က ဘင်္ဂလားဒေ့ရှ်ကနေခိုးဝင်လာတဲ့သူတွေလည်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ မေလဒုတိယအပတ်ကစပြီး ဇွန်လ(၈)ရက်နေ့ ညပိုင်းထုတ်ပြန်ချက်အထိ ပြည်ပကပြန်လာသူ (၆၁)ဦးမှာ ရောဂါပိုးတွေ့ရှိထားပြီး အိန္ဒိယကပြန်လာတဲ့သူတွေထဲမှာတော့ အများဆုံးပိုးတွေ့ရှိထားတာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က