ဘင်္ဂဘားဒေ့ရှ်က ပြန်ဝင်လာသူတွေအနက် ရောဂါပိုး ပြန်လည်ပျောက်ကင်းသူ ၂ဦးရှိပါပြီ။

ဘင်္ဂလားဒေ့ရှ်မှာ ရောဂါကူးစက်မှု မြင့်မားနေတဲ့အတွက် မြန်မာနိုင်ငံဖက်ကို တရားမဝင် ပြန်လည်ဝင်ရောက်လာရာကနေ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ 



ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ပြည်နယ်၊မောင်တောကို တရားမဝင်ခိုးဝင်ပြန်လာသူ လူနာအမှတ်(၂၃၄)မှာ ရောဂါပိုးကင်းစင်သွားပြီလို့ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwunကိုပြောပါတယ်။



လူနာအမှတ်(၂၃၄)က ဘင်္ဂလားဒေ့ရှ်ကခိုးဝင်လာသူတွေထဲမှာ ပထမဆုံးရောဂါပိုးစတင်တွေ့ရှိခဲ့သူဖြစ်ပြီး မိသားစုဝင်ငါးဦး မောင်တောကို ခိုးဝင်လာရာကနေဖမ်းမိကာ ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။ လူနာအမှတ်(၂၃၄)နဲ့အတူပြန်ဝင်လာသူတွေထဲက ဇနီးသည်မှာလည်းရောဂါပိုးတွေ့ရှိခဲ့ပြီး လူနာအမှတ်(၂၉၁)အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ လူနာအမှတ်(၂၃၄)က ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာသူတွေထဲမှာ ဒုတ်ယမြောက်ရောဂါပျောက်ကင်းသူဖြစ်လာခဲ့ပြီး ၎င်းမတိုင်ခင်က လူနာအမှတ်(၂၄၄) က ဇွန်လ၂၅ရက်နေ့မှာ ရောဂါပျောက်ကင်းသူဖြစ်ခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရပါတယ်။ 

“မနေ့က ပျောက်တာက လူနာအမှတ် ၂၃၄ပါ။သူကတော့ ဇွန်လ၂၂ရက်နဲ့ ၂၅ရက်တွေမှာ ၂ကြိမ်ဆက် မတွေ့ တော့တာ ဖြစ်ပါတယ်။ဒါပေမယ့် ဆေးရုံဆင်းခွင့်တော့ မရသေးပါဘူး။ သူ့ရဲ့ ပျောက်ကင်းစာရင်းကတော့ ဒီနေ့မှ ထွက်မှာပါ။ ဘင်္ဂဘားဒေ့ရှ်က ဝင်လာသူတွေအထဲ ပထမဆုံး ပျောက်တာက ၂၄၄ဖြစ်ပါတယ်။”လို့ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရခိုင်ပြည်နယ်အတွင်းကို မောင်တောနယ်စပ်ကခိုးဝင်လာသူအရေအတွက် များပြားနေပြီး ဇွန်လ ၂၄ရက်နေ့စာရင်းအရ ၂၃ဦးရှိတယ်လို့လည်း မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က Duwun ကို အတည်ပြုပြောကြားထားပါတယ်။ လက်ရှိခိုးဝင် ၂၅ဦးမှာ ၉ဦးရောဂါပိုးတွေ့ရှိထားပြီး ၂ဦးရောဂါပိုးပြန်လည်သက်သာပျောက်ကင်းပြီလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က