ပိုးတွေ့ရှိထားသူ (၉)ဦးမှာ (၃)ဦးပျောက်ကင်းခဲ့တာပါ။
Ei Ei Htun

ဘင်္ဂလားဒေ့ရှ်ကခိုးဝင်လာတဲ့သူတွေထဲက (၉)ဦးမှာ ရောဂါပိုးတွေ့ရှိထားပြီး မောင်တောမြို့နယ်က (၆)ဦးနဲ့ ဘူးသီးတောင်မြို့နယ်က (၃)ဦးတို့ဖြစ်ပြီး မောင်တောကို ခိုးဝင်လာသူတွေထဲ(၃)ဦးမှာ ရောဂါပိုးပျောက်ကင်းသွားပါပြီ။ 

ရခိုင်ပြည်နယ်က ပိုးတွေ့လူနာတွေထဲက (၃)ဦးမှာ ရောဂါပျောက်ကင်းသွားပြီဖြစ်လို့ ဆေးရုံကဆင်းခွင့်ပြုလိုက်ပြီလို့သိရပါတယ်။ ရောဂါပျောက်ကင်းသူ (၃)ဦးစလုံးက ဘင်္ဂလားဒေ့ရှ်ကနေ မောင်တောကိုခိုးဝင်လာတဲ့သူတွေဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးချက်အရ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိတော့တာကြောင့် ရောဂါပိုးပျောက်ကင်းစာရင်းဝင်လာသူတွေပါ။ ဆေးရုံကဆင်းပြီးနောက် Quarantineဆက်လက်နေထိုင်ရမှာလည်းဖြစ်ပါတယ်။

“ အခု (၃)ယောက်က နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့လို့ ဆေးရုံကဆင်းခွင့်ပြုလိုက်တာ။ ပြီးရင်တော့ သက်ဆိုင်ရာနေရာတွေမှာ Quarantineထပ်ဝင်ရမယ်။ ရခိုင်မှာ ဘင်္ဂလားဒေ့ရှ်ကနေခိုးပြန်လာသူတွေထဲက (၉)ဦးမှာရောဂါပိုးတွေ့ထားတယ်။ အဲဒီထဲက (၃)ဦးပျောက်တာ”လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က Duwun ကိုပြောပါတယ်။

ဘင်္ဂလားကခိုးဝင်ပြန်လာတဲ့သူတွေထဲက မောင်တောမြိုနယ်မှာ (၆)ဦးနဲ့ ဘူးသီးတောင်မြို့နယ်မှာ(၃)ဦး စုစုပေါင်း (၉)ဦးမှာရောဂါိပိုးတွေ့ရှိထားတာပါ။ ယခုပျောက်ကင်းလူနာကမောင်တောမြို့နယ်ကဖြစ်ပြီး လူနာနံပတ်တွေကိုတော့သေချာမသိရှိဘူးဆို့ ဦးစိုးအောင်ကပြောပါတယ်။

ယခုပိုးတွေ့ လူနာ (၉)ဦးနဲ့ ထိတွေ့ထားသူတွေပိုလည်း Quarantineထားရှိထားတာဖြစ်ပြီး သူတို့ကိုဓာတ်ခွဲစစ်ဆေးရာမှာလည်း အားလုံးမှာရောဂါပိုးမတွေ့ရှိရဘူးလို့ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ COVID 19 အတည်ပြုလူနာ (၁၂)ဦးရှိပြီး အဲဒီထဲကမှ ယခုလူနာ(၃)ဦးအပါအဝင် စုစုပေါင်းရောဂါပျောက်ကင်းသူ (၄)ဦးရှိသွားပြီဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က