မြန်မာနိုင်ငံမှာ မိုးရွာပါမယ်။

၂၀၁၉ ခုနှစ်အတွက် ဘင်္ဂလားပင်လယ်အော်မှာ ပထမဆုံး မုန်တိုင်းတစ်လုံးဖြစ်ပေါ်တော့မယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ခန့်မှန်းပါတယ်။

Photo - Tun Lwin FB

အိန္ဒိယသမုဒ္ဒရာ အီကွေတာရပ်ဝန်းဒေသနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အ ရှေ့ တောင်ပိုင်းမှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ ပိုမို အားကောင်းလာပြီး အိန္ဒိယသမုဒ္ဒရာ အီကွေတာရပ်ဝန်းအရှေ့ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းရဲ့ အလယ်ပိုင်းမှာ နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ်တစ်ခုအဖြစ်ကို ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းငယ်ဖြစ်လာပြီး နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယသမုဒ္ဒရာ အီကွေတာရပ်ဝန်းရေပြင်ပေါ်မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒီမုန်တိုင်းဟာ အနောက်မြောက်ဖက်ကို ဦးတည် ရွေ့လျားသွားပြီး ဧပြီ ၃၀ ရက်နေ့မှာ သီရိလင်္ကာနိုင်ငံ အရှေ့ဖက်ကမ်းခြေနဲ့ အိန္ဒိယနိုင်ငံ Tamilnadu ကမ်းခြေတစ်လျှောက် ဆက်လက်ရွေ့ရှားနိုင်တယ်လို့ သိရပါတယ်။

Photo - Tun Lwin FB

အဲ့ဒီမုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ နေရာကွက်ကြား မိုုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနှင့် ဇနဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က