loading...

loading...

loading...

အိမ်တိုင်ရာရောက် အသက်အာမခံအကြောင်းရှင်းပြရန်နဲ့ ရောင်းချရန်ဖြစ်ပါတယ်။
Ko John

ဂျပန်နိုင်ငံမှ တိုင်ရို အသက်အာမခံကုမ္ပဏီ (Taiyo Life Insurance) က မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်ခွင့် အပြည့်အဝရရှိချိန်တွင် အိမ်တိုင်ရာရောက် အရောင်းမြှင့်ရန်အတွက် ဝန်ထမ်းအရေအတွက် ထောင်နဲ့ချီ ခန်အပ်ရန်ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

(တိုင်ရိုနှင့် Capital Life Insurance တို့ Business Alliance ဆောင်ရွက်ခြင်း အခမ်းအနား) (Photo: Capital Life Insurance)

မြန်မာနိုင်ငံမှာ အသက်အာမခံထားမှုဟာ လူအများစုအတွက် အသစ်အဆန်းလည်း ဖြစ်နေပါတယ်။ အလယ်အလတ် အရွယ်အစားရှိတဲ့ ဂျပန် အသက်အာမခံကုမ္ပဏီက လုပ်ငန်းများစတင်ပြီးနောက် သုံးနှစ်အတွင်း အရောင်းဝန်ထမ်း အရေအတွက်ကို ၁၀၀ မှ ၅,၀၀၀ အထိ တိုးမြှင့်ခန့်အပ်သွားမယ်လို့ ဥက္ကဌ နာအိုကီဆိုဂျီမားက ရန်ကုန်မြို့မှာ Nikkie သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခဲ့စဥ် ပြောကြားပါတယ်။

ယခုအခါ မြန်မာအစိုးရက ပြည်ပအာမခံကုမ္ပဏီတွေကို ပြည်တွင်းလုပ်ငန်းများနဲ့ ဖက်စပ်ပူးပေါင်းလုပ်ကိုင်ခွင့်ပြုထားပြီး အစောဆုံးအနေနဲ့ ယခုလအတွင်း တရားဝင် ခွင့်ပြုချက်ပေးသွားမယ်လို့ ဆိုပါတယ်။ တိုင်ရိုက ပြည်တွင်းအာမခံကုမ္ပဏီ Capital Life Insurance ရဲ့ ရှယ်ယာ ၃၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး အာမခံလုပ်ငန်းကို ဖက်စပ်လုပ်ကိုင်ရန် မျှော်လင့်ထားပါတယ်။

(တိုင်ရိုဥက္ကဌ ဆိုဂျီမား) (Photo: Capital Life Insurance)

မြန်မာအစိုးရက ပြည်ပအာမခံကုမ္ပဏီ ၁၀ ခုကို ထိုသို့လုပ်ကိုင်ခွင့် ယာယီပေးထားကြောင်းလည်း သိရပါတယ်။ "အသက်အာမခံထားဖို့ အရေးကြီးတယ်ဆိုတာ မြန်မာနိုင်ငံမှာ သိပ်မသိကြသေးပါဘူး၊ ဒါကြောင့် ကျွန်တော်တို့က အသက်အာမခံဝယ်ယူသူတွေကို တွေ့ဆုံပြီး ရှင်းပြဖို့လိုပါတယ်" လို့ တိုင်ယိုဥက္ကဌ ဆိုဂျီမားက ပြောပါတယ်။

တိုကျိုအခြေစိုက် T&D Holdings ရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ တိုင်ယိုက လူဦးရေ ၅၃ သန်းခန့်ရှိတဲ့ မြန်မာနိုင်ငံမှာ အိမ်တိုင်ရာရောက် အသက်အာမခံရောင်းချမှုတွေကို အဓိကထားရန် စီစဥ်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းဈေးကွက်ဟာ တစ်ဟုန်ထိုး ကြီးမားကျယ်ပြန့်လာမယ်လို့ ခန့်မှန်းထားပါတယ်။

(Photo: Reuters)

တွက်ဆခန့်မှန်းချက်တစ်ခုအရ ၂၀၁၈ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၄၀ ဝန်းကျင်ရှိခဲ့ရာမှ လာမယ့် ၁၀ နှစ်အတွင် ဒေါ်လာ ၁.၄ ဘီလီယံအထိ တိုးတက်လာဖွယ်ရှိကြောင်းလည်း သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းဈေးကွက်မှာ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်အာမခံလုပ်ငန်းဈေးကွက်မှာ အသက်အာမခံ စတင်ခဲ့ချိန်နဲ့ ဆင်တူနေကြောင်း ဆိုဂျီမားက ပြောပါတယ်။ ထိုအချိန်က ဂျပန်မှာ ငွေစုဆောင်းခြင်းနဲ့ ဆေးကုသစရိတ် ပူးတွဲပါရှိတဲ့ အာမခံပေါ်လစီကို လူကြိုက်များခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံမှာလည်း အလားတူ အာမခံပေါ်လစီကို တိုင်ယိုက မိတ်ဆက်သွားရန် စီစဥ်ထားကြောင်း ၎င်းကဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က