မြန်မာနိုင်ငံသား (၁၉၇)ဦး လိုက်ပါလာမှာပါ။
Ei Ei Htun

COVID 19 ဖြစ်ပွားစဉ်ကာလအတွင်းမှာ ဂျပန်ရောက် မြန်မာနိုင်ငံသားများ ပြန်လာနိုင်ရေးအတွက် တိုကျိုမြို့ မြန်မာသံရုံးရဲ့ အစီအစဉ်နဲ့ မေလ (၂)ရက်နေ့မှာ All Nippon Airway က လူသားချင်းစာနာမှု အကူအညီ လေယာဉ်ပြေးဆွဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။

နာရီတာအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ရန်ကုန်ကို စနေနေ့ မနက် (၈း၁၅)မှာ လေယာဉ်ထွက်ခွာမှာဖြစ်လို့ လိုက်ပါမယ့်သူတွေအနေနဲ့ မနက်(၆)နာရီအမီရောက်ရှိကြဖို့ကိုလည်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံး၊ တိုကျို က ထုတ်ပြန်ထားပါတယ်။ 

လေယာဉ်ခရီးစဉ်မှာ လိုက်ပါမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ ကျန်းမာရေးအထူးဂရုပြုဖို့လိုပြီး အဆိုပါနေ့မှာ နေမကောင်းဖြစ်နေတဲ့သူတွေနဲ့ ရောဂါသံသယရှိသူများကို လေကြောင်းမှ လိုက်ပါခွင့်ပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။

 ဒီခရီးစဉ်မှာတော့ လိုက်ပါမယ့်မြန်မာနိုင်ငံသား (၁၉၇)ဦးရှိတယ်လို့လည်း မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာခွင့်ရရှိအောင် (Relief Flight) တွေစီစဉ်ပေးဖို့ တောင်းဆိုမှုတွေပြုလုပ်ခဲ့တာကြောင့် သံရုံးက စီစဉ်ပေးခဲ့တာဖြစ်ပြီး ဧပြီလ(၂၅)ရက်နေ့က လူစာရင်းတွေကောက်ခံခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပြန်လာဖို့ဆန္ဒရှိတဲ့ ဂျပန်ကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ကျောင်းပြီးလို့ ပြန်လာမယ့်သူတွေ၊ ကျောင်းဆင်းပွဲလာတဲ့ ကျောင်းသားမိဘတွေ၊ Visa နှစ်ပြည့်လို့ ပြန်လာမယ့်သူတွေနဲ့ အလည်လာတဲ့သူတွေပါဝင်တယ်လို့ သိရပါတယ်။





ဆက်စပ်အကြောင်းအရာများ


က္က