လူတစ်ဦးချင်း ဒါမှမဟုတ် အဖွဲ့အစည်းတွေအတွက်တော့ ခွင့်ပြုမှာမဟုတ်ပါဘူး။

ဂျပန်ယန်းနဲ့ တရုတ်ယွမ်တို့ကို နိုင်ငံတကာ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်တဲ့ ငွေကြေးတွေအဖြစ် အသုံးပြုနိုင်ဖို့ ခွင်ပြုလိုက်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီလ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Photo- Wikipedia



နိုင်ငံတကာပေးချေမှု၊ စာရင်းရှင်းလင်းမှုများနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ငွေပေးချေမှု ဖွံဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားရေးလုပ်ငန်း (Authorized Dealer) လိုင်စင်ရ ဘဏ်တွေမှာ ဂျပန်ယန်းနဲ့ တရုတ်ယွမ်တို့ကို နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုတွေအတွက် ဆောင်ရွက်ခွင့်ပြုလိုက်တယ်ဆိုပြီး ကြေညာထားတာပါ။

အဆိုပါ ဂျပန်ယန်းနဲ့ တရုတ်ယွမ်ငွေတွေကို လိုင်စင်ရဘဏ်တွေအချင်းချင်း အပြန်အလှန်စာရင်းဖွင့်လှုစ်ခြင်းနဲ့ စာရင်းရှင်းလင်းခြင်းတို့ကလွဲရင် လူပုဂ္ဂိုလ်တစ်ဦးချင်း ဒါမှမဟုတ် တရားဝင်အဖွဲ့အစည်းတွေအတွက် ငွေစာရင်းဖွင့်လှစ်ဆောင်ရွက်ခွင့်တော့ မပြုဘူးလို့ ဗဟိုဘဏ်ကနေ ကြေညာထားခဲ့ပါတယ်။

“ ကျွန်တော်တို့နိုင်ငံရဲ့ ကုန်သွယ်မှုတွေ အကုန်လုံးက ဒေါ်လာပေါ်မှာပဲ အခြေခံထားတော့ ဒေါ်လာ အတက်အကျတွေ များလာတဲ့အခါမှာ ကိုယ့်ဆီမှာ ရိုက်ခတ်မှုတွေဖြစ်လာတယ်။ အဲဒါကြောင့် ဒေါ်လာအပြင် တခြားငွေကြေးတွေကိုပါ လုပ်ခွင့်ပြုလိုက်တယ်ဆိုရင် နိုင်ငံစီးပွားရေးအတွက် ပိုကောင်းသွားတာပေါ့။ အထူးသဖြင့် တရုတ်ယွမ်ငွေက ကျွန်တော်တို့နဲ့ ကပ်လျက်ဖြစ်နေတယ်။ နယ်စပ်ကုန်သွယ်ရေးပေါ်မှာသာ ယွမ်ငွေနဲ့ လုပ်မယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေနိုင်တယ်ပေါ့။ ဒါကြောင့်မို့လို့ ထပ်ပြီးတော့ ဖြေလျှော့ပေးတဲ့သဘောပါ။ ကုန်သွယ်မှုလုပ်ငန်းတွေအတွက် ပိုကောင်းသွားတယ်။ လုပ်ငန်းရှင်တွေဘက်ကလည်း ဒေါ်လာဈေးအတတ်အကျကြောင့်ဖြစ်တဲ့ဒဏ် နည်းနည်းလျော့သွားတာပေါ့” လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ဦးရဲမင်းဦးက သူ့ရဲ့အမြင်ကို Duwun ကို ပြောပါတယ်။

ယခုလို ခွင့်ပြုချက်ဟာ ကနဦးအဆင့် စတင်တာဖြစ်ပြီး အမှန်တစ်ကယ်အသုံးပြုနိုင်ဖို့ကတော့ နှစ်ဖက်နှစ်နိုင်ငံရဲ့ ဗဟိုဘဏ်တွေကြားမှာ ငွေကြေးလဲလှယ်ဖို့ ညှိနှိုင်းရန်၊ ဘဏ်အကောင့်တွေထပ်ဖွင့်ရန် စတဲ့လုပ်ငန်းတွေ လိုအပ်နေသေးတယ်လို့လည်း ဦးရဲမင်းဦးက ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က