ဇွန်လ(၈)ရက်က Sule Shangri-La Hotel မှာ ကျင်းပ ပြီးစီးခဲ့ပါတယ်။

GUSTO College နဲ့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပတဲ့ GUSTO Innovation Awards and Forum 2019 ကို ပြီးခဲ့တဲ့ ဇွန်လ(၈)ရက်က Sule Shangri-La Hotel မှာ ကျင်းပ ပြီးစီးခဲ့ပါတယ်။



ဒီ GUSTO Innovation Awards and Forum 2019 ဟာ မြန်မာနိုင်ငံရှိ တီထွင်ဖန်တီးမှုကို နှစ်သက်တဲ့ လူငယ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အားပေးမြှင့်တင်လိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်ကြောင်း သိရပါတယ်။

နည်းပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုလိုတဲ့ လူငယ်တွေ၊ မိဘ၊ဆရာ၊ ဆရာမ တွေကို ဦးတည်ပြီး ကျင်းပပေးတဲ့ ဆွေးနွေးပွဲလည်းဖြစ်ပါတယ်။

ဒီပွဲကို အစီအစဉ်နှစ်ပိုင်းနဲ့ ကျင်းပခဲ့တာဖြစ်ပြီး ပထမအပိုင်းကိုတော့ GUSTO College မှာ တက်ရောက်နေတဲ့ ကျောင်းသား၊ကျောင်းသူတွေ တီထွင်ဖန်တီးထားတဲ့ နည်းပညာတွေကို ပြသခဲ့ပါတယ်။ဒုတိယအပိုင်းမှာတော့ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ 7 Days News Media & Information Matrix ရဲ့ CEO ဦးသောင်းစုငြိမ်းနဲ့ Mandalay Technology ရဲ့ CEO & Managing Director ဒေါက်တာ ဇော်နိုင်တို့မှ ခေါင်းစဉ်အသီးသီးနဲ့ ဟောပြောဆွေးနွေးခဲ့ကြပါတယ်။




GUSTO Innovation Awards အတွက် နည်းပညာ တီထွင်ဖန်တီးမှုမှာ အဖွဲ့ပေါင်း(၇)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Fit Food (Fitness Software ) အဖွဲ့က အနိုင်ရရှိခဲ့ကာ 1st Runner Up နဲ့ 2nd  Runner Up ရရှိတဲ့ သက်ဆိုင်ရာ အဖွဲ့တွေကို ဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

GUSTO College ဟာ ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး IT/ Computing နဲ့ ပတ်သတ်တဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို သင်ကြားပို့ချပေးနေတဲ့ မြန်မာ့ထိပ်တန်း College ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က