သတင်းမပို့ပါက အရေးယူမှုတွေလုပ်ဆောင်သွားမှာပါ။

ဩဂုတ်လ (၁၀)ရက်နေ့က စပြီးရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို လေကြောင်းလိုင်းက လိုက်ပါခဲ့သူများ သက်ဆိုင်ရာအဖွဲ့အစည်းဌာနတွေကို အကြောင်းကြားဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ညမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လက်ရှိကူးစက်ပျံ့နှံ့မှု မြန်ဆန်နေတဲ့ ကိုဗစ်ပိုးကို အချိန်မီထိန်းချုပ်နိုင်ရန်အတွက် ရခိုင်က ပြန်လာသူများကို ကွာရန်တင်းထားရှိသွားမှာဖြစ်ပါတယ်။ ရခိုင်မှာ ဩဂုတ်လ (၁၆)ရက်နေ့က ပြည်တွင်းကူးစက်လူနာတစ်ဦး တွေ့ရှိခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို ပြည်တွင်းကူးစက်လူနာတွေတွေ့ရှိလာခဲ့တာဖြစ်ပါတယ်။ 



လက်ရှိပြည်တွင်းကူးစက်လူနာတွေထဲမှာ ရခိုင်ပြည်နယ်က အများစုပါဝင်နေတာကြောင့် ရခိုင်ကနေ ပြန်လာတဲ့သူအားလုံးကိုလည်း သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်တွေအလိုက် အသွားအလာတွေကန့်သတ်ကာ ကွာရန်တင်းထားရှိနေတာ ဖြစ်ပါတယ်။ ဩဂုတ်လ (၁၀)ရက်နေ့စပြီး လေကြောင်းလိုင်းက တစ်ဆင့် ရခိုင်ကနေ တခြားတိုင်းနဲ့ ပြည်နယ်တွေကိုလိုက်ပါလာတဲ့ ခရီးသည် (၅၇၀၀)ကျော်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ခရီးသည် (၅၇၀၀)ကျော်ထဲမှာ သြဂုတ်လ ၁၀ ရက်ကနေ ၂၁ ရက်အတွင်း ရန်ကုန်ကို လိုက်ပါလာတဲ့သူက ၅၄၀၀ ကျော်ရှိပြီး ထိုလူများအနေနဲ့ နီးစပ်ရာကျန်းမာရေးဌာနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ အမြန်ဆုံးသတင်းပို့ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ လိုက်ပါလာတဲ့ သူတွေအနေနဲ့ အချိန်မီစာရင်းပေးပို့မှ ရောဂါကူးစက်ပြန့်ပွါးမှုကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး သတင်းပေးပို့ရန် ပျက်ကွက်တဲ့သူတွေက်ုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူသွားမယ်လို့ ညွှန်ကြားချက်မှာပါရှိပါတယ်။

Share

Loading Next Article...
က္က