ကိုဗစ်ရောဂါကူးစက်မှုကို အထိုက်အလျောက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကိုဗစ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို တဆင့်ချင်းဖြေလျှော့ပေးလာခဲ့တာပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ ထုတ်ပြန်ကြေညာထားတဲ့ လူ (၁၅)ဦးထက်ပိုမစုရဆိုတဲ့ အမိန့်အစားလူ(၃၀)ဦးဖြစ်စေ၊ (၃၀)ဦးထက်ပိုဖြစ်စေ မစုရဟု ပြင်ဆင်ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။

ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေအရ လူ(၅)ဦးနှင့်အထက် မစုဝေးဖို့ ဧပြီလ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် သြဂုတ်လ ၁ ရက်နေ့ကစတင်ပြီး လူ (၅) ဦးနှင့်အထက်အစား (၁၅)ဦးနှင့်အထက် ပိုမစုရဆိုပြီး ပြင်ဆင်ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ယင်းကြေညာချက်ထုတ်ပြန်ပြီး နှစ်ပတ်အကြာ ယနေ့ သြဂုတ်လ (၁၃)ရက်နေ့မှာတော့ ဩဂုတ်လ (၁၆)ရက်နေ့ကစပြီး လူ(၁၅)ဦးအစားလူ(၃၀)ဦးဖြစ်စေ၊ (၃၀)ဦးထက်ပိုဖြစ်စေ မစုရလို့ ထပ်မံဖြေလျှော့ပေးလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုကို အထိုက်အလျောက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကိုဗစ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို တဆင့်ချင်းဖြေလျှော့ပေးလာခဲ့တာပါ။



လက်ရှိမှာ ပြည်တွင်းကူးစက်မှုလည်းမရှိတော့တဲ့အတွက် နိုင်ငံတွင်းခရီးသွားကဏ္ဍတွေအပါအဝင်၊ စာသင်ကျောင်းတွေ၊ စားသောက်ဆိုင်တွေ ၊ ရုပ်ရှင်ရိုက်ကူးခွင့်တွေနဲ့ ဘုရားတွေကိုလည်း ကိုဗစ်စည်းမျဉ်းတွေနဲ့အညီပြန်လည်ဖွင့်လှစ်ခဲ့ပေးထားပါပြီ။ အလှူ ၊မင်္ဂလာဆောင်အခမ်းအနားတွေ၊ရုပ်ရှင်ရုံတွေနဲ့ ပြည်ပလေကြောင်းလိုင်းပြန်လည်ပြေးဆွဲခွင့်တွေကိုတော့ ဆက်လက်ကန့်သတ်ထားဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ကိုဗစ်-၁၉ကူးစက်မှုနှုန်းထားက နိုင်ငံတကာနဲ့ယှဉ်ရင် ကူးစက်မှုအနည်းဆုံး နိုင်ငံတစ်အခုအဖြစ်သတ်မှတ်နိုင်ပြီးအချိန်ကာလတစ်ခုအတွင်းမှာ ရောဂါကူးစက်ပြန့်ပွါးမှုကို အထိုက်အလျောက်ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

(၁)လကျော်ကြာ ပြည်တွင်းကူးစက်မှုမရှိတော့တဲ့ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူဦးရေ (၃၆၁)ဦးရှိပြီး သေဆုံးသူ (၆)ဦးရှိကာ ပြန်လည်ကောင်းမွန်လာသူ (၃၁၈)ဦးရှိပါတယ်။ လက်ရှိဆေးကုသမှုခံယူနေရတဲ့ လူနာက (၃၇)ဦးသာ ကျန်ရှိတော့ပြီး အားလုံးက ပြည်ပမှ ပြန်ရောက်လာသူများ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က