Ei Ei Htun

ဂုတ်တွင်းတံတားနေရာမှာ (၅)ရက်အတွင်းဘေလီနှစ်လမ်းသွားတံတားကို တည်ဆောက်သွားမှာဖြစ်လို့ တံတားတည်ဆောက်ရေးအတွက်ကိုလည်း မနေ့က သြဂုတ်လ(၁၅)ရက်နေ့ကတည်းက လိုအပ်တဲ့ တံတားသံဘောင်ဘေလီတွေကို စတင်ပို့နေပြီဖြစ်တယ်လို့လည်းသိရပါတယ်။

photo-ဆောက်လုပ်ရေးဝန်ကြီးဌာန

သြဂုတ်လ(၁၅)ရက်နေ့က နောင်ချိုနဲ့ နောင်ပိန်းကြား တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် မိုင်းခွဲဖျက်ဆီးခံရတဲ့ ဂုတ်တွင်းတံတားနေရာကို ဘေလီတံတားအစားထိုး တည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ ဂုတ်တွင်းတံတားဟာ မန္တလေး- နောင်ချို- ကျောက်မဲ လမ်းပိုင်းကို အဓိကဆက်သွယ်ထားတဲ့ တံတားဖြစ်တာကြောင့် မန္တလေးကနေ လားရှိုးကို လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နေတာဖြစ်ပါတယ်။

photo-ဆောက်လုပ်ရေးဝန်ကြီးဌာန

ခရီးသွားပြည်သူတွေအခက်အခဲမရှိစေဖို့အတွက် တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအထူးအဖွဲ့က (၅)ရက်အတွင်းဘေလီနှစ်လမ်းသွားတံတားကို တည်ဆောက်သွားမှာဖြစ်ပြီး တံတားတည်ဆောက်ရေးအတွက်ကိုလည်း မနေ့က သြဂုတ်လ(၁၅)ရက်နေ့ကတည်းက လိုအပ်တဲ့ တံတားသံဘောင်ဘေလီတွေကို စတင်ပို့နေပြီဖြစ်တယ်လို့လည်းသိရပါတယ်။ ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် နောင်ချို-မူဆယ်-လာရှိုးကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေအနေနဲ့လည်း ရပ်နားထားတာလည်းဖြစ်ပါတယ်။ယာဉ်လိုင်းတွေအနေနဲ့ဘယ်လိုမှသွားလို့အဆင်မပြေသလို တိုက်ပွဲကြားပိတ်မိနေတဲ့ ကားတွေအနေနဲ့ကလည်း ပြန်လည်ထွက်ဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ နောင်ချိုနဲ့ မူဆယ်ဘက်လမ်းကြောင်းတွေကို ပိတ်ထားတာလည်းဖြစ်ပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က