Hmue Eain Zaw

H1N1 ရောဂါကြောင့် ၂ ရက်အတွင်း လူ ၆ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

Photo - MOHS

ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၈ ရက်နေ့အထိ H1N1 ရောဂါနဲ့ သေဆုံးမှုဟာ ၃၁ ဦးအထိသာ ရှိခဲ့ပေမယ့် ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ သေဆုံသူ ၃၇ ဦးအထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေကတော့ ရန်ကုန်တိုင်းမှာ ၄ ယောက်နဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၂ ယောက်ထပ်မံသေဆုံးခဲ့တာ ဖြစ်ပါတယ်။

ိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဖြစ်ပွား၊ သေဆုံး စာရင်းတွေအရ ရန်ကုန်တိုင်းဒေသကြီးမှာ ၂၉ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂ ဦး၊ ပဲခူးတိုင်းမှာ ၂ ဦးနဲ့ မွန်ပြည်နယ်မှာ ၁ ဦးသေဆုံးခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရောဂါဖြစ်ပွားမှုသံသယရှိသူ ၅၃၇ ယောက်ကို စစ်ဆေးရာမှာ ဖြစ်ပွားနေတယ်လို့ အတည်ပြုပြီးသူ ၁၉၅ ယောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ၁၁၆ ယောက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ရောဂါဖြစ်ပွားနေသူအများစုဟာ ကလေးတွေနဲ့ နာတာရှည်ရောဂါဖြစ်ပွားသူတွေဖြစ်ကြတယ်လို့ သိရပါတယ်။

Photo - FFSS

H1N1ရာသီတုပ်ကွေး ဗိုင်းရပ်စ်ဟာ တုပ်ကွေးမျိုးစိတ်အသစ်ဖြစ်ပြီး အဖြစ်များတဲ့ရိုးရိုးတုပ်ကွေးရောဂါနဲ့လက္ခဏာချင်းဆင်တူပါတယ်။ ဝက်တွေမှာ ရှင်သန်နေထိုင်နိုင်တဲ့ virus ပိုးဖြစ်ပေမယ့် သေချာကိုင်တွယ်ချက်ပြုတ်ထားတဲ့ ဝက်သားနဲ့ တခြားစားသောက်ကုန်တွေ စားရုံနဲ့တော့ မကူးစက်နိုင်ပါဘူး။လူလူချင်းသာ ကူးစက်ပါတယ်။

ရောဂါလက္ခဏာတွေက အများအားဖြင့်ဆင်တူပေမယ့် ဝက်တုပ်ကွေးကတော့ အသက်ရှူလမ်းကြောင်းလက္ခဏာတွေအပြင် ဝမ်းလျှောတာနဲ့ ပျို့အန်တာတွေ ပါဖြစ်နိုင်ပါတယ်။ H1N1 ရာသီတုပ်ကွေးက ရိုးရိုးတုပ်ကွေးထက် အဆုတ်ထဲကို ပိုနက်ရှိုင်းစွာ ကူးစက်ရောက်ရှိနိုင်ပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က