၅၆ ဦးသေဆုံးခဲ့ပြီဖြစ်ပါတယ်။

ရာသီတုတ်ကွေးရောဂါ H1N1 ကြောင့် တပတ်အတွင်း ထပ်မံသေဆုံးသူ ၁၉ ဦးအထိရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

Photo - FFSS

ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၁၀ ရက်နေ့အထိ H1N1 ရောဂါနဲ့ သေဆုံးမှုဟာ ၃၇ ဦးအထိသာ ရှိခဲ့ပေမယ့် ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ သေဆုံသူ ၅၆ ဦးအထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဖြစ်ပွား၊ သေဆုံး စာရင်းတွေအရ ရန်ကုန်တိုင်းဒေသကြီးမှာ ၄၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၄ ဦး၊ ကချင်ပြည်နယ်မှာ ၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂ ဦး၊ ပဲခူးတိုင်းမှာ ၂ ဦးနဲ့ မွန်ပြည်နယ်မှာ ၃၊ မကွေးတိုင်းဒေသကြီးမှာ ၁ ဦးသေဆုံးခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရာဂါဖြစ်ပွားမှုသံသယရှိသူ ၆၈၁ ယောက်ကို စစ်ဆေးရာမှာ ဖြစ်ပွားနေတယ်လို့ အတည်ပြုပြီးသူ ၂၈၀ ယောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ၁၅၆ ယောက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ရောဂါဖြစ်ပွားနေသူအများစုဟာ ကလေးတွေနဲ့ နာတာရှည်ရောဂါဖြစ်ပွားသူတွေဖြစ်ကြတယ်လို့ သိရပါတယ်။

Photo - FFSS

H1N1ရာသီတုပ်ကွေး ဗိုင်းရပ်စ်ဟာ တုပ်ကွေးမျိုးစိတ်အသစ်ဖြစ်ပြီး အဖြစ်များတဲ့ရိုးရိုးတုပ်ကွေးရောဂါနဲ့လက္ခဏာချင်းဆင်တူပါတယ်။ ဝက်တွေမှာ ရှင်သန်နေထိုင်နိုင်တဲ့ virus ပိုးဖြစ်ပေမယ့် သေချာကိုင်တွယ်ချက်ပြုတ်ထားတဲ့ ဝက်သားနဲ့ တခြားစားသောက်ကုန်တွေ စားရုံနဲ့တော့ မကူးစက်နိုင်ပါဘူး။လူလူချင်းသာ ကူးစက်ပါတယ်။

ရောဂါလက္ခဏာတွေက အများအားဖြင့်ဆင်တူပေမယ့် ဝက်တုပ်ကွေးကတော့ အသက်ရှူလမ်းကြောင်းလက္ခဏာတွေအပြင် ဝမ်းလျှောတာနဲ့ ပျို့အန်တာတွေ ပါဖြစ်နိုင်ပါတယ်။ H1N1 ရာသီတုပ်ကွေးက ရိုးရိုးတုပ်ကွေးထက် အဆုတ်ထဲကို ပိုနက်ရှိုင်းစွာ ကူးစက်ရောက်ရှိနိုင်ပါတယ်။

Share

Loading Next Article...
က္က