Ei Ei Htun

ရာသီတုပ်ကွေး H1N1ကြောင့် သေဆုံးသူ (၈၉)ဦးမှာ ရန်ကုန်တိုင်းကအများဆုံးဖြစ်ပြီး ဧရာတီတိုင်းနဲ့ ပဲခူးတိုင်းကဒုတိယအများဆုံးဖြစ်နေပါတယ်။




photo-နာရေးကူညီမှုအသင်း(ရန်ကုန်)

ရာသီတုပ်ကွေး H1N1ကြောင့် သြဂုတ်လ(၄)ရက်နေ့ကနေ (၅)ရက်နေ့ထိ (၂)ရက်အတွင်းကို နှစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သြဂုတ်လ(၅)ရက်နေ့ညနေပိုင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။သေဆုံးခဲ့တဲ့ သူနှစ်ဦးစလုံးက ပဲခူးတိုင်းကသေဆုံးခဲ့ပါတာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ(၃)ရက်နေ့ထုတ်ပြန်ကြေညာချက်အရ တစ်နိုင်ငံလုံး H1N1ကြောင့်သေဆုံးသူ (၈၇)ဦးရှိခဲ့ပြီး ဒီနေ့ထုတ်ပြန်ချက်အရ သေဆုံးသူ(၈၉)ဦးရှိနေပါပြီ။ သေဆုံးသူမြှင့်တက်လာသလို ဖြစ်ပွားတဲ့သူဦးရေကလည်း နှစ်ရက်အတွင်းကို (၁၄)ဦးမြှင့်တက်လာပါတယ်။

သံသယလူနာဓာတ်ခွဲ စစ်ဆေးသူဦးရေက (၁၁၂၉)ဦးထိရှိနေပါတယ်။ ယနေ့ထိသေဆုံးသူ(၈၉)ဦးမှာတော့ ရန်ကုန်တိုင်းက (၆၃)ဦး၊ ဧရာဝတီတိုင်းက(၈)ဦး၊ ကချင်ပြည်နယ်က (၁)ဦး၊ ရခိုင်ပြည်နယ်က (၁)ဦး၊ ပဲခူးတိုင်းက (၇)ဦး၊ မွန်ပြည်နယ်က (၃)ဦး၊ မကွေးတိုင်းဒေသကြီးက (၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးက(၃)ဦးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက (၁)ဦးသေဆုံးလျှက်ရှိနေပြီဖြစ်ပါတယ်။ ရာသီတုပ်ကွေး H1N1ရောဂါဗိုင်းရပ်စ်ဟာ တုပ်ကွေးမျိုးစိတ်အသစ်တစ်မျိုးဖြစ်ပြီး ရိုးရိုးတုပ်ကွေးထက် အဆုပ်ထဲကို ပိုမိုထိရောက်စွာ ကူးစက်ရောက်ရှိနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါနဲ့ ပတ်သက်လို့ သေဆုံးမှုတွေကတော့ ရှိနေဆဲပါ။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က