သေဆုံးသူ(၁၀၅)ဦး ရှိနေပါပြီ။
Ei Ei Htun

ရာသီတုပ်ကွေး H1N1ရောဂါကြောင့်(၃)ဦးထပ်မံသေဆုံးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးက (၂)ဦးနဲ့ ပဲခူးတိုင်းဒေသကြီးက (၁)ဦးသေဆုံးခဲ့တာပါ။ 

photo- Myanmar CDC

သြဂုတ်လ(၂၃)ရက်နေ့မှ သြဂုတ်လ(၂၆)ရက်အတွင်း ရာသီတုပ်ကွေး H1N1ရောဂါကြောင့် (၃)ဦးထပ်မံသေဆုံးခဲ့ကြောင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ သေဆုံးတဲ့(၃)ဦးဟာ ရန်ကုန်တိုင်းဒေသကြီးက (၂)ဦးနဲ့ ပဲခူးတိုင်းဒေသကြီးက တစ်ဦးထပ်မံသေဆုံးခဲ့တာပါ။ ရာသီတုပ်ကွေး H1N1ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သေဆုံးတဲ့ဦးရေဟာ ယခုဆိုရင်(၁၀၅)ဦးထိရှိလာပြီဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ ရောဂါအတည်ပြုဖြစ်ပွားသူများနေသလို သေဆုံးမှုကလည်း အများဆုံးဖြစ်နေပါတယ်။ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှာ သြဂုတ်လ(၂၆)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးက သေဆုံးသူ (၆၈)ဦး၊ ဧရာဝတီတိုင်းက (၁၃)ဦး၊ ပဲခူးတိုင်းက (၁၀) ဦးသေဆုံးခဲ့ပါတယ်။

photo- နာရေးကူညီမှုအသင်း(ရန်ကုန်)

အခုဆိုရင်ရာသီတုပ်ကွေးရောဂါဟာ တစ်နိုင်ငံလုံးအတည်ပြုဖြစ်ပွားသူ (၅၉၃)ဦးမှာ သေဆုံးသူ (၁၀၅)ဦးထိရှိလာတာပါ။ ဒီရောဂါဟာဆိုရင်တော့ ခုခံအားနည်းပါးတဲ့ နာတာရှည်ရောဂါခံစားနေရတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာ အဖြစ်များပြီး သေဆုံးလျှက်ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကလည်း အတည်ပြုထုတ်ပြန်ထားပါတယ်။ ရာသီတုပ်ကွေး H1N1ရောဂါ ဗိုင်းရပ်စ်ဟာ တုပ်ကွေးမျိုးစိတ်သစ်တစ်မျိုးဖြစ်ပြီး အဆုတ်ထဲကို ပိုမိုထိရောက်စွာ ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။


က္က