“You Are My Hero” ဆိုတဲ့ အစီအစဉ်ကို မေလ ၂၆ ရက်ကစတင်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Phyo Min Thant

COVID-19 ရောဂါတိုက်ဖျက်ရေးမှာ ရှေ့တန်းကနေ ဦးဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ Seasons Bakery & Café က Campaign တစ်ခုကို မေလ ၂၆ ရက်ကစတင်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ “You Are My Hero” ဆိုတဲ့ အစီအစဉ်ကို Seasons Bakery & Café ကို စီမံခန့်ခွဲနေတဲ့ City Food Concepts ၊ Anchor Cream Cheese, Anchor Products တွေ ဖြန့်ချီတဲ့ Anchor Food Professionals, Fonterra နဲ့ မြန်မာနိုင်ငံရဲ့ ဦးဆောင် ဖြန့်ချိရေးကုမ္ပဏီဖြစ်တဲ့ Premium Distribution တို့ ပူးပေါင်းစီစဉ် ကျင်းပတာဖြစ်ပါတယ်။

မြန်မာငွေ ၈၀၀ ကျပ်တန်ဖိုးရှိတဲ့ “My Hero” Cream Cheese Bun တစ်ခုရောင်းချတိုင်း နောက်ထပ် Bun တစ်ခုကို ရန်ကုန်မြို့က ရှေ့တန်းကျန်းမာရေးဝန်ထမ်းတွေရှိတဲ့ နေရာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပို့ဆောင် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ပထမဆုံးရက်သတ္တပတ်အတွက် ပေါင်မုန့် အလုံး ၈,၀၀၀ ကျော်ကို City Food Concepts ရဲ့ CEO Mr. Rayson Lee ၊ Anchor Food Professional, Fonterra ရဲ့ Head of Food Service Mr. Charmon Wickramanayake နဲ့ Premium Distribution ရဲ့ CEO Mr. Anastasios Michailidis တို့ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။

#TQMyHero ဆိုတဲ့ hashtag campaign ကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပြီး Seasons Bakery & Café ရဲ့ Customer များအနေနဲ့  ရှေ့တန်းကျန်းမာရေးဝန်ထမ်းတွေထံ ပြောပြချင်တဲ့ စကားတွေကို Social Media ပေါ်မှာ Post တင်နိုင်မယ့် အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ် ထူးခြားပီတိဖြစ်ရမယ့် အစီအစဉ်ကတော့ Seasons Bakery & Café ရဲ့ ဝန်ထမ်းတွေက Customer တွေရဲ့ ပြောစကားတွေကို လက်ရေးနဲ့ ရေးသားပြီး အပတ်စဉ် Bun တွေနဲ့အတူ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

 

“အခုအချိန်ဟာ အားလုံးခက်ခဲနေတဲ့အချိန်ပါ။ ကျွန်တော်တို့အားလုံး အတူတူ အားပေးကြရအောင်။” ဟုလည်း Mr. Rayson ရဲ့ ပြောစကားနဲ့အတူ Duwun စာဖတ်ပရိသတ်တွေလည်း "You Are My Hero" Campaign မှာ ပါဝင်ပြီး ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုကြဖို့ အားတိုက်တွန်းလိုက်ပါတယ်။

(ဒီသတင်းကို Seasons Bakery & Café မှပံ့ပိုးကူညီထားပါတယ်)


က္က