ဘာသာပေါင်းစုံဝင်ရောက်ဆင်နွှဲနိုင်ပါတယ်။
Mi Thawdar Aung

မြန်မာနိုင်ငံမှာ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုရဲ့ ပြယုဂ်တစ်ခုအဖြစ် ရှေးနှစ်ပေါင်းများစွားကတည်းက မြန်မာပြည်ဖွား ဟိန္ဒူဘာသာဝင်တွေ ကျင်းပလာခဲ့ကြတဲ့ ဘာသာရေးပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

ဟိန္ဒူဘာသာဝင်တို့ရဲ့ အထင်ကရ ဘာသာရေးပွဲတော်များထဲက တစ်ခုဖြစ်တဲ့ ရှရီရှရီဒူရ်ဂါ(စန္ဒီ)မယ်တော်ကြီးပွဲတော်ကို စက်တင်ဘာ ၂၉ ရက်ကစတင်ပြီး ပြင်ဦးလွင်မြို့မှာ ကျင်းပနေပါတယ်။

ပွဲတော်ရဲ့ ထူးခြားမှုကတော့ ၉ ရက်တိုင်အောင် ရက်ရှည်ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်ပြီး အောက်တိုဘာ ၇ ရက်နေ့အထိ ကျင်းပသွားမယ်လို့လည်းသိရပါတယ်။

ပွဲတော် ၉ ရက်ကျင်းပရာမှာတော့  ဟိန္ဒူဘာသာဝင်တွေကိုးကွယ်ကြတဲ့ မယ်တော် ၉ ပါးအတွက် တစ်ရက်စီ မယ်တော်တစ်ပါးချင်းစီအလိုက် ပူဇော်ပသခြင်းတွေနဲ့ကုသိုလ်ကောင်းမှုတွေပြုကြတယ်လို့ ဆိုပါတယ်။

“ ၁၀ ရက်ပြည့်တဲ့နေ့မှာတော့ အောင်မြင်တဲ့အထိမ်းအမှတ်အနေနဲ့ ဓမ္မမိတ်ဆွေအားလုံးကို သက်သက်လွတ်စတုဒီသာတွေ ကျွေးတယ်။ညနေပိုင်းမှာတော့ မယ်တော်ရုပ်ပွားတော်ကို ရေချသပ္ပာယ်ပါတယ်။ ဟိန္ဒူတင်မကဘူး။ ဘာသာစုံ၊လူမျိုးစုံ အားလုံးပါဝင်ဆင်နွဲကြပါတယ်” လို့  ရှရီကရိသျှနားဘုရားကျောင်း တွဲဖက်အတွင်းရေးမှူးဦးဒလစ်ကူမားရ်က Duwun ကိုပြောပါတယ်။

အောက်တိုဘာလ ၇ ရက်ကို နောက်ဆုံးရက်အဖြစ် ကျင်းပပြီး နောက်တစ်ရက် ညနေပိုင်းမှာ ပြင်ဦးလွင်မြို့က ဟိန္ဒူဘာသာဝင်တွေ အားလုံးစုပေါင်းပြီး ရေမျှောပွဲကျင်းပခြင်းနဲ့ အဆုံးသတ်ကြမှာလည်းဖြစ်ပါတယ်။

အဆိုပါ ရေမျှောပွဲကိုတော့ ဟိန္ဒူဘာသာဝင်တွေသာမကဘဲ စိတ်ပါဝင်စားတဲ့ တခြားဘာသာဝင်တွေလည်း လာရောက်ကြလေ့ရှိကြတယ်လို့လည်း သိရပါတယ်။


က္က