ဟိုတယ်မန္တလေးက ဝန်ထမ်းစုစုပေါင်း ၂၃ ဦးအထိ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရတယ်လို့လည်းသိရပါတယ်။

ဒီနေ့ မနက် ၈ နာရီထုတ်ပြန်ချက်အရ မန္တလေးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁၉ ယောက်ထပ်တိုးတွေ့ခဲ့ရာမှာ ၁၈ ယောက်က ဟိုတယ်မန္တလေးမှာ အလုပ်လုပ်ကိုင်တဲ့ ဝန်ထမ်းအမျိုးသမီးတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

ဝန်ထမ်းအမျိုးသမီးပိုးတွေ့လူနာ ၁၈ ယောက်ထဲမှာ အသက် လေးဆယ်ကျော် အမျိုးသမီးတစ်ဦးပါဝင်ပြီး ကျန်လူနာတွေကတော့ အသက် ၁၉ နှစ်ကနေ ၃၀ ဝန်းကျင်အရွယ်တွေ ဖြစ်ကြတယ်လို့ မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးမှူးထံက သိရပါတယ်။ " ၁၈ ယောက်စလုံးအမျိုးသမီးတွေပါခင်ဗျ၊ အခုသူတို့ကို ကုတင် ၃၀၀ ဆေးရုံဆီပို့ထားပြီးပါပြီ" လို့ မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းက Duwun ကိုပြောပါတယ်။



အဆိုပါ ပိုးတွေ့လူနာတွေနဲ့ နောက်ထပ်ဆက်စပ်ထိတွေ့သူတွေကို Quarantine ထားရှိဖို့စီစဉ်နေတယ်လို့လည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ ၂၁ ရက်က ဟိုတယ်မန္တလေးက ဝန်ထမ်းလေးဦးမှာ ရောဂါပိုးစတင်တွေ့ရှိခဲ့တာတာကြောင့် ဆက်စပ်ထိတွေ့သူ အယောက် (၁၀၀) ရာကျော်ကို ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာမှာ နောက်ထပ်လူနာတွေ ထပ်မံတွေ့ရှိလာရတာလည်း ဖြစ်ပါတယ်။

"ဒီနေ့ပိုးတွေ့လူနာတွေက အရင်ပိုးတွေ့လူနာတွေရဲ့အဆက်ပါ၊ အသွားအလာကန့်သတ်ထားတဲ့ အယောက် (၁၀၀) ကျော်စစ်တဲ့အထဲက ဒီ ၁၈ ယောက်ပိုးတွေ့တာပါ။ သူတို့နဲ့ က်စပ်သူဘယ်နှစ်ယောက်ရှိမလဲ။ ရသလောက်ရှာပြီး Q လုပ်ထားဖို့ဟိုတယ်တာဝန်ရှိသူတွေကိုညွှန်ကြားထားပြီးပါပြီ" လို့ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ဆိုပါတယ်။ ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့အထိ ဆိုရင် ဟိုတယ်မန္တလေးက ဝန်ထမ်းစုစုပေါင်း ၂၃ ဦးအထိ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က