ဒီကနေ့ညနေ ၃နာရီခွဲလောက်မှာ တိုက်ခတ်ခဲ့တာပါ။

ရန်ကုန်ယူနိုက်တက်အသင်းက မြန်မာ့လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်တဲ့ ဘယ်နောက်ခံလူ ကျော်ဇင်ဦးရဲ့ နေအိမ်လည်း ပြိုကျခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ - ရန်ကုန်ယူနိုက်တက်

ရှမ်းပြည်နယ်တောင်ပိုင်း၊နမ့်စန်မြို့ကို ဒီကနေ့ ညနေ ၃နာရီခွဲဝန်းကျင်က လေပြင်းဝင်ရောက် တိုက်ခတ်မှုကြောင့် နေအိမ်တွေပြိုပြီး၊သစ်ပင်များ အမြစ်ကကျွတ်ထွက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် နမ့်စန်မြို့က အိမ်ခြေ ၁၀၀ကျော်ရှိတဲ့ အမှတ်(၉)ရွာမှာလည်း အိမ်တွေ သုံးပုံနှစ်ပုံခန့် ပြိုကျမှု ဖြစ်ပေါ်ခဲ့ တယ်လို့ နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးနေဇော်နိုင်က Duwunကိုပြောပါတယ်။

“လူတွေတော့ အန္တရာယ်မဖြစ်ဘူး။အပျက်အစီးကတော့ သစ်ပင်တွေအမြစ်ကလန်ထွက်ကုန်တယ်၊အိမ်အမိုး တွေလန်တယ်။ဓာတ်တိုင်တွေကျိုးတယ်။နောက်ပြီး နမ့်စန်မြို့နယ်အမှတ်(၉)ကျေးရွာကတော့ တစ်ရွာလုံးနီး ပါး အိမ်တွေပြိုကုန်တယ်လို့သိရပါတယ်။”လို့ ဦးနေဇော်နိုင်က ပြောပါတယ်။

လေပြင်းနဲ့ပတ်သက်ပြီး နေ့လည်ခင်းပိုင်းမှာ ရာသီဥတုပြင်းထန်စွာပူနေတာကြောင့် ညနေပိုင်းမှာ မိုးကြီးနိုင်တယ်လို့ ခန့်မှန်းမိခဲ့ပေမယ့် လက်တွေ့မှာ လေပြင်းတိုက်ခတ်မှု ဖြစ်ပျက်ခဲ့တာလို့လည်း ဦးနေဇော်နိုင်က ရှင်းပြပါသေးတယ်။

အခု တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ရှမ်းပြည်၊နမ့်စန်မှာနေထိုင်တဲ့ ရန်ကုန်ယူနိုက်တက်က မြန်မာ့လက်ရွေး စင်ကစားသမားတစ်ဦးဖြစ်တဲ့ ကျော်ဇင်ဦးရဲ့ နေအိမ်လည်း ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က