လူနာအမှတ် ၁၅၅ နဲ့ထိတွေ့ခဲ့တာပါ။

လူနာအမှတ် ၁၅၅ ဟာ သျှင်ပါကူဆေးရုံကို နှစ်ကြိမ်တိတိလာရောက်ပြသခဲ့ဖူးတာကြောင့် ဆရာဝန်၊ သူနာပြုတွေအပါအဝင် (၉) ဦးကို Facility Quarantine စင်တာကိုပို့ဆောင်လိုက်တယ်လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တာ်ကိုယ်စားလှယ် ဦးထွန်းမြင့်က Duwun ကိုပြောပါတယ်။

တာမွေမြို့နယ်က လူနာအမှတ် ၁၅၅ ဟာ သျှင်ပါကူဆေးရုံက Fever Clinic ကိုလာပြခဲ့ရာ တာဝန်ကျ ဆရာဝန်တစ်ဦးနဲ့ သူနာပြုတွေက ကာကွယ်ရေးအပြည့်အစုံ ဝတ်ထားပေးမယ့်လည်း လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့တာကြောင့် စောင့်ကြည့်လူနာအဖြစ်ထားရှိရတာလို့ ဆိုပါတယ်။



“လူနာက Positive မဖြစ်ခင်မှာ သျှင်ပါကူဆေးရုံမှာ လာပြထားတာပါ။ ဆရာဝန်တွေ၊ နာစ့်မတွေက PPE တွေ ဘာတွေ ဝတ်ထားပေမယ့် လူနာကို အနီးကပ်စမ်းသပ်တာတွေလုပ်ထားတဲ့အတွက် Contact Person ဖြစ်သွားပြီပေ့ါ။ ဒါကြောင့် စောင့်ကြည့်လူနာအနေနဲ့ ကွာရန်တင်းဝင်ရတာပါ” လို့ ဗဟန်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က Duwun ကိုပြောပါတယ်။ လူနာကတော့ သျှင်ပါကူဆေးရုံက Fever Clinic ကိုပဲ လာပြခဲ့တာကြောင့် အခြားဆေးရုံဝန်ထမ်းတွေကိုတော့ Quarantine လုပ်စရာမရှိသလို ဆေးရုံကိုလည်း ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။

လူနာ အမှတ် ၁၅၅ ဟာ သျှင်ပါကူဆေးရုံ Fever Clinic ကို လာရောက်ပြသခဲ့ရာ COVID-19 သံသယ ရှိတာကြောင့် အဆိုပါဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကို လွှဲပြောင်းပေးခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူနေစဉ် မေလ ၃ ရက်နေ့ ည မှာတော့ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာခဲ့တာပါ။

ဒါ့အပြင် ရန်ကုန်ဆေးရုံမှာဆေးကုသမှုခံယူနေစဉ်အတွင်း လူနာကို သတင်းလာရောက်မေးမြန်းခဲ့သူ ၂၂ ဦးရှီတာကြောင့် သူတို့အားလုံးကိုလည်း Facility Quarantine ထားရှိထားတယ်လို့ တာမွေမြို့နယ်လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က Duwunကိုပြောပါတယ်။ ဒါ့အပြင် လူနာက ကျိုက္ကဆံလမ်းပေါ်မှာရှိတဲ့ ဝါးဓနိဆိုင်မှာ အလုပ်လုပ်တာကြောင့် အဲဒီဆိုင်က အလုပ်သမားတွေကိုလည်း နေအိမ်မှာအသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်လို့လည်း သိရပါတယ်။

လူနာအမှတ် ၁၅၅ ဟာ အသက် ၄၈ နှစ်အရွယ်ရှိပြီး ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့မှုမရှိခဲ့သလို ပြည်ပခရီးသွားရာဇဝင်လည်း မရှိထားသူလည်းဖြစ်ပါတယ်။ အဆိုပါ လူနာဟာ တာမွေမြို့နယ်ရဲ့ ၄ ဦးမြောက် Positive လူနာဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ နေအိမ်ရှိရာ ၁၆၄လမ်း လမ်းတိုက ကန်ထရိုက်တိုက်နဲ့ သူအလုပ်လုပ်တဲ့ ဝါးဓနိဆိုင်တို့ကို အသွားအလာကန့်သတ်လိုက်ပြီလို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က