ကွယ်လွန်ချိန်မှာသက်တော် ၉၅ နှစ်ရှိပါပြီ။

သီပေါမင်းနဲ့ စုဖုရားလတ်တို့ရဲ့ နောက်ဆုံးမြေးတော် တစ်ပါးဖြစ်တဲ့ မင်းသားတော်ဘုရားဟာ ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက်က ပြင်ဦးလွင်မြို့စံအိမ်တော်မှာ ကွယ်လွန်သွားပြီလို့ ကုန်းဘောင်ဆက်မောင်နှမများ ထံကနေ သိရပါတယ်။

Photo - ကုန်းဘောင်ဆက်မောင်နှမများ

နောက်ဆုံးမြန်မာဘုရင် သီပေါမင်းရဲ့ သက်တော်ထင်ရှား မြေးတော်နှစ်ပါးထဲက တစ်ပါးဖြစ်ပြီး ကွယ်လွန်ချိန်မှာ သက်တော် ၉၅ နှစ်ရှိပြီလို့ ကုန်းဘောင်ဆက်ဆွေတော်မျိုးတော် တစ်ဦးဖြစ်တဲ့ ဦးထိပ်တင်အောင်က Duwun ကိုပြောပါတယ်။

သီပေါမင်းတရားမှာ နောက်ဆုံး မြေးတော်နှစ်ပါးပဲကျန်တာတော့။ အခု တော်ဘုရား နတ်ရွာစံတော့ ထိပ်စုမြတ်ဘုရားကြီးတစ်ပါးပဲ ကျန်တော့မယ်။ သူကတော့ ရန်ကုန်မှာနေပါတယ်” လို့ ဦးထိပ်တင်အောင်က ပြောပါတယ်။

ကွယ်လွန်သွားတဲ့ တော်ဘုရားဟာ သီပေါနဲ့ စုဖုရားလတ် အရှင်နှစ်ပါးရဲ့ စတုတ္ထသမီးတော် အသျှင်ထိပ်စုမြတ်ဘုရားလေး နှင့် ဦးကိုကိုနိုင်တို့မှ

ဖွားမြင်တဲ့ သားတော်တစ်ပါးလည်း ဖြစ်ပါတယ်။

“ ဘိုးဘိုးတော်ဘုရား နတ်ရွာစံသွားတဲ့အတွက် အတော်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ သက်ရှိသမိုင်းတစ်ခု ကွယ်ပျောက်သွားသလို ခံစားရပါတယ်။ ဘိုးဘိုးဘုရားက.အမျိုးတွေကို သိပ်ချစ်တတ်ပြီး စိတ်ထားအရမ်းဖြူစင်တဲ့ ဘိုးဘိုးပါ။ ဘိုးဘိုးက ကျန်းမာရေးသိပ်ဂရုစိုက်တယ်။ ဒီထက်ကို သက်တော်ရှည်ဦးမယ် မျှော်လင့်ထားတာ အခုလို ရုတ်တရက် နတ်ရွာစံလို့. အတော်အံသြပြီး ဝမ်းလည်းနည်းရပါတယ်” လို့ ကုန်းဘောင်မင်းဆက် ပြင်စည်စုဘုရား တီတော်စပ်သူ ထိပ်တင်စည်သူဟိန်းက Duwun ကိုပြောပါတယ်။

သီပေါမင်းနဲ့ စုဖုရားလတ်တို့ရဲ့ စတုတ္တသမီးတော်က ဖွားမြင်တဲ့ သားတော်သမီးတော် ၆ ပါးရှိပြီး လက်ရှိအချိန်မှာတော့ ၅ ပါး နတ်ရွာစံသွားပြီး မြေးတော် ထိပ်စုဖုရားကြီးသာကျန်ရှိတော့တယ်လို့ အထောက်အထားတွေအရ သိရပါတယ်။

Share

Loading Next Article...
က္က