ဂျပန်နိုင်ငံက သင်ကြားပေးနေတာပါ။

ခရီးသည်တွေကိုကို ယဉ်ကျေးပျုဌာစွာ ဆက်ဆံတတ်ဖို့ မြန်မာ့မီးရထားဝန်ထမ်းတွေကို ဂျပန်နိုင်ငံမှ လာရောက်သင်ကြားပေးနေတယ်လို့ ဖေဖော်ဝါရီ ၂၂ ရက်က မြန်မာ့မီးရထား (အောက်မြန်မာပြည်) ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

(ဖေဖော်ဝါရီ ၂၂ ရက်က မြန်မာ့မီးရထားရုံး (အောက်မြန်မာပြည်) တွင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်)

မြန်မာ့မီးရထားကနေ ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်နေရာ ရထားအဆင့်မြှင့်တင်မှုတွေအပြင် ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုစိတ်ဓာတ်ကို မြှင့်တင်တဲ့အနေနဲ့လည်း ဂျပန်နိုင်ငံကနေ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း သင်တန်းပေးနေတယ်လို့ မြန်မာ့မီးရထား (အောက်မြန်မာပြည်) သွားလာရေးမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောပါတယ်။



“ဝန်ထမ်းတွေကို မင်္ဂလာပါလို့ နှုတ်ဆက်တာ၊ ပြုံးတာကအစ စပြီးသင်ကြားပေးနေပါတယ်။ အရိုအသေပြုတဲ့အနေနဲ့ ခန္တာကိုယ်ကို ကိုင်းညွှတ်ပြီး နှုတ်ဆက်တာက အစပေါ့။ ကိုယ်အမှုအရာနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှုတွေ ကောင်းလာအောင် ယူနီဖောင်း၊ ဆံပင်ထားတာကအစ၊ ကွမ်းမစားတာ၊ ဆေးလိပ်မသောက်တာကအစ အသေးစိတ် ကျွန်တော်တို့ကို သင်ကြားပေးနေပါတယ်” လို့ ဦးကျော်ကျော်မျိုးက ဆိုပါတယ်။

(ဖေဖော်ဝါရီ ၂၂ ရက်က မြန်မာ့မီးရထားရုံး (အောက်မြန်မာပြည်) တွင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်)

၂၀၁၈ ခုနှစ် မေလကစတင်ကာ မီးရထားဝန်ထမ်းတွေကို “မင်္ဂလာပါ” လို့ နှုတ်ဆက်ဖို့ ကမ်ပိန်းတစ်ရပ်အနေနဲ့ လုပ်ဆောင်နေပြီး နောက်ပိုင်းမှာတော့ ဝန်ဆောင်မှုအပြည့်ပေးနိုင်ဖို့အတွက် လုပ်ဆောင်မယ်လို့ သိရပါတယ်။

မြန်မာ့မီးရထားအထွေထွေနည်းဥပဒေမှာ ဖျက်လတ်တက်ကြွမှုရှိခြင်း၊ ယဉ်ကျေးသိမ်မွေ့မှုရှိခြင်း၊ ကူညီရိုင်းပင်းမှုရှိခြင်းသည် မြန်မာ့မီးရထားဝန်ထမ်းအားလုံးရဲ့ အမူအကျင့်ဖြစ်ရမယ်ဆိုပြီး ပြဌာန်းထားပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ မြန်မာ့မီးရထားဝန်ထမ်းပေါင်း သုံးသောင်းဝန်းကျင်ခန့်ရှိတယ်လို့ မြန်မာ့မီးရထားစာရင်းတွေအရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က