နေ့စေ့လစေ့မွေးပြီးချင်းချင်းမှာဘဲ ကလေးကိုခြေထောက်နဲ့နင်းသတ်ခဲ့တာပါ။

အရပ်စကားတွေအရ ကလေးမလေးကကိုယ်ဝန်ကို သူ့ရည်းစားနဲ့ရသလိုလို၊ သူ့အဖေနဲ့ဘဲ ပြန်ရသလိုလိုမျိုး ပြောဆိုမှုတွေရှိနေတယ်လို့ ထီးချိုင့်မြို့မ စခန်းမှူးကပြောပါတယ်။

photo-ထီးချိုင့်မြို့မရဲစခန်း

စစ်ကိုင်းတိုင်းဒေသကြီးထီးချိုင့်မြို့နယ်၊ ဆပ်ကျကျေးရွာအုပ်စု၊ဝန်တင်ကုန်းကျေးရွာမှာ သမီးကမွေးတဲ့ ကလေးကို ကလေးရဲ့အဘိုးဖြစ်သူက မွေးပြီးချင်းချင်းခြေထောက်နဲ့နင်းသတ်မှု ဇွန်လ(၁၉)ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။ ကလေးကိုခြေထောက်နဲ့ နင်းသတ်ပြီး ကြံခင်းထဲမှာ စွန့်ပစ်ထားတယ်ဆိုတဲ့သတင်းအရ တာဝန်ရှိသူတွေသွားရောက်စစ်ဆေးတဲ့အခါမှာ ကလေးက ဦးခေါင်းနောက်စေ့ ပျော့အိဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရတယ်လို့ ထီးချိုင့်မြို့မစခန်းမှူးကပြောပါတယ်။

“သူတို့မိသားစုက ကလေးမလေးနဲ့ သူ့အဖေနဲ့အမေရယ် မိသားစု(၃) ယောက်နေတာ။ ကျွန်တော်တို့ ခုသိရလောက် အရပ်ကပြောတဲ့စကားအရဆိုရင် ကလေးမလေးကသူ့ရည်းနဲ့ကိုယ်ဝန်ရပြီး လင်ကောင်မပေါ်ဘဲမွေးတာလိုလို၊ သူ့အဖေနဲ့ဘဲ ကိုယ်ဝန်ပြန်ရသလိုလို သိရတယ်။ သေချာတော့ဘာမှ မသိရသေးဘူး။ ကလေးကလည်းနေ့စေ့လစေ့မွေးပြီချင်းချင်း ကလေးမလေးရဲ့အဖေက ခြေထောက်နဲ့နင်းသတ်ပြစ်တယ်ဆိုပြီး အရပ်စကားတွေအရ သိရတယ်” လို့ ဇွန်လ (၂၁)ရက်နေ့က ထီးချိုင့်မြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်ဌေးဝင်းက Duwun ကိုပြောပါတယ်။

 နောက်စေ့ပျော့အိဒဏ်ရာနဲ့ သေဆုံးပြီး ကြံခင်းထဲစွန့်ပစ်ထားတဲ့ ကလေးကို တာဝန်ရှိသူတွေအနေနဲ့ သွားရောက်စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကလေးရဲ့အလောင်းကို ထီးချိုင့်ဆေးရုံကိုပို့ဆောင်ကာ ဆေးစာစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ရဲအုပ်ဌေးဝင်းကပြောပါတယ်။

လက်ရှိမှာတော့ ကလေးရဲ့ အဘိုးဖြစ်သူ တရားခံကို ထီးချိုင့်မြို့မရဲစခန်းမှာ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ (၃၀၂)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က