loading...

loading...

loading...

ရောဂါပိုးရှိမရှိ ဓာတ်ခွဲအဖြေစစ်ဆေးထားဆဲဖြစ်ပါတယ်။
Mi Thawdar Aung

အသက် (၆၈) နှစ်အရွယ်ရှိပြီး ဆီးချိုရောဂါအခံရှိတဲ့အပြင် COVID-19 သံသယလက္ခဏာ တွေ့ရှိလို့ မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ စောင့်ကြည့်ကုသနေတဲ့ လူနာအမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသမီးဟာ COVID-19 ရောဂါပိုးကြောင့် သေဆုံးခဲ့တယ်လို့တော့ ပြောလို့မရသေးဘဲ ဓာတ်ခွဲစစ်ဆေးထားတယ်လို့ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဥမ္မာဆွေတင်က ပြောပါတယ်။

“ သူက တခြားရောဂါအခံလည်းရှိတယ်။ အသက် ကလည်း ၆၈ နှစ်ရှိပြီ။ သံသယလူနာဆိုပေမယ့် ဒါကြောင့်လို့တော့ ပြောလို့မရသေးပါဘူး။ အခုဓာတ်ခွဲစစ်ဆေးထားတယ်။ညနေ ဓာတ်ခွဲ အဖြေသိရမှ ထုတ်ပြန်မယ်” လို့ ဒေါက်တာ ဥမ္မာဆွေတင်က ပြောပါတယ်။

အဆိုပါ အမျိုးသမီးမှာ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူ ဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက်က စတင်ကာ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း ရောဂါလက္ခဏာတွေ ခံစားရတာကြောင့် သတိကောင်းစွာ မရလို့ မတ်လ ၄ ရက်နေ့မှာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြိးကို လာရောက်ပြသခဲ့ပါတယ်။

အမျိုးသမီးမှာ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ရောဂါကူးစက်ဖြစ်ပွားနေတဲ့ဒေသတွေကို ခရီးသွားရာဇဝင်မရှိခဲ့ပေမယ့် ပြင်းထန်အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေနဲ့ COVID-19 ရောဂါသံသယလက္ခဏာတွေ တွေ့ရတာကြောင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး သီးခြားကုသမှုပေးနေတယ်ခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ ၄ ရက် ည ၈ နာရီမှာ သတင်းထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က