သေနတ်သမားကြည်လင်းရဲ့လုပ်ကြံသတ်ဖြတ်မှုကိုခံခဲ့ရတာပါ။

ဦးကိုနီလုပ်ကြံခံရမှု ၂ နှစ်ပြည့်မှာ ပြုလုပ်တဲ့ အမှတ်တရပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့လိုက်ပါတယ်။



ဇန်နဝါရီ ၂၉ ရက်နေ့က တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ခဲ့တဲ့ အဲ့ဒီပွဲမှာ ဦးကိုနီရဲ့မိသားမိသားစုဝင်တွေ၊ ဘာသာပေါင်းစုံမှ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံတကာသံအမတ်တွေ တက်ရာက်ခဲ့ကြပါတယ်။

“ဦးကိုနီဟာ ပြုပြင်ပြောင်းလဲရေး၊ ခွဲခြားဆက်ဆံမှုအဆုံးသတ်ရေးနဲ့ အားလုံးအတွက် တရားမျှတမှုရရှိရေးတို့အတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီလိုကြိုးပမ်းအားထုတ်မှုတွေကို မြန်မာပြည်သူတွေက ဆက်လက်ပြီးဖော်ဆောင်နေသလို၊ အမေရိကန်ပြည်သူတွေနဲ့ အခြားမိတ်ဆွေများစွာကလည်း ထောက်ခံအားပေးနေပါတယ်”လို့ အမေရိကန်သံအမတ်ကြီး မာစီရယ်က ပြောပါတယ်။

ဒါ့အပြင် ဦးကိုနီလုုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် ဘက်လိုုက်မှုကင်းမဲ့သော စုုံစမ်းစစ်ဆေးမှုတစ်ရပ် ဆောင်ရွက်ပေးဖို့ဆိုပြီး အပြည်ပြည်ဆိုုင်ရာ ဥပဒေပညာရှင်များကော်မရှင်(ICJ) ကလည်း တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။

ဦးကိုနီဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်သမားကြည်လင်းရဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး လုပ်ကြံခဲ့တဲ့သူကို ဝိုင်းဝန်းဖမ်းဆီးပေးခဲ့တဲ့ တက္ကစီယာဉ်မောင်း ဦးနေဝင်းလည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

က်ရှိအချိန်အထိ ဦးကိုနီလုပ်ကြံခံရမှုမှ ကျူးလွန်သူ သေနတ်သမားကြည်လင်းနဲ့ အပေါင်းအပါတွေကို စစ်ဆေးရာမှာ ရုံးချိန်း ၁၀၁ ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကာ သက်သေတွေအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ဖြစ်တာကြောင့် အပြီးသတ်လျှောက်လဲချက် ကြားနာတော့မယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က