Mi Thawdar Aung

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်နေပြီး ချောင်းရေ မြင့်တတ်မှုကြောင့် ဘီးလင်းတစ်မြို့လုံးနီးပါး ရေနစ်မြုပ်နေပြီလို့ သိရပါတယ်။

ဘီးလင်းမြို့မှာ မြစ်ရေ ၁၀၂၂စင်တီမီတာကိုရောက်ရှိနေပြီး မြစ်ရေကြီးမှုနဲ့ သဲဖြူချောင်းရေမြင့်တတ်မှုကြောင့် ဘီးလင်းမြို့အပြင် အနီးအနားကရွာတွေပါ ရေနစ်မြုပ်နေတာဖြစ်ပါတယ်။

 

beelin 1.jpg

Photo - Mawlamyine Rescue Organization

လက်ရှိတော့ ရေနစ်မြုပ်နေတဲ့အိမ်တွေကနေ လူတွေကို ဆွဲထုတ်နေပြီး ဘေးလွတ်ရာကို ပို့ဆောင်ပေးနေတယ်လို့ ဘီးလင်းမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦးက ဓူဝံမီဒီယာကို ပြောပါတယ်။

“ လောလောဆယ်တော့ ရေဘေးဒုက္ခရောက်တဲ့သူတွေကိုစုရပ်တွေမှာ စုခိုင်းတယ်။ စားနပ်ရိက္ခာတွေပေးနေတယ်။ ရေကြီးနေတဲ့နေအိမ်တွေက လူတွေကို ဆွဲထုတ်နေတယ်။ တချို့လည်း အိမ်ကို မစွန့်ချင်တော့ ဒီမနက်မှ အသည်းအသန် ဆွဲထုတ်နေရတယ်” လို့ ဆိုပါတယ်။

 

beelin 2.jpg

Photo - Mawlamyine Rescue Organization

ရေဘေးဒုက္ခသည် ဦးရေ ၃၀၀၀ ကျော်လောက်အထိရှိနေရကာ ဆက်လက်တိုးလာနိုင်တယ်လို့ သိရပါတယ်။  

ရေကြီးနစ်မြုပ်မှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း ရေကျော်နေပြီး ဇူလိုင် ၂၆ ရက်ညမှာ ကားလမ်းကို ပိတ်ထားရပြီး လက်ရှိလည်း ပိတ်ထားဆဲဖြစ်နေတယ် လို့သိရပါတယ်။

 

beelin.jpg

Photo - Mawlamyine Rescue Organization

ဘီးလင်းမြို့မှာ မိုးရာသီကာလရောက်ရင် အခုလို ရေကြီးနစ်မြှုပ်မှုတွေက ၂ နှစ်ခြားတစ်ခါ ဖြစ်လေ့ရှိပြီး အခု ရေကြီးမှုကတော့ အဆိုးရွားဆုံးဖြစ်တယ်လို့သိရပါတယ်။

မွန်၊ ကရင် ပြည်နယ်နဲ့ တနသာၤရီတိုင်းတို့ဟာ အနောက်တောင်မုတ်သံလေကို တိုက်ရိုက်ခံစားရတဲ့ဒေသတွေ ဖြစ်တာကြောင့် မုတ်သုံကာလမှာ မိုးရွာသွန်းမှုများပြီး ဆက်လက်ရေကြီးနိုင်ဖွယ်ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က