ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာကို တက်ရောက်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ ပါဝင်ပေးတဲ့ အတွက် ကျေးဇူးအထူးတင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။



 

ဒီနေ့ သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်မြို့ MCC ခန်းမမှာ ကျင်းပနေတဲ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားမှာ ခုလိုပြောဆိုလိုက်တာဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပေးကြသူတွေအားလုံးကိုလည်း ကျေးဇူးတင်တယ်လို့သူက ပြောဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီက ကြီးမှူးပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး အမှာစကားပြောကြားခဲ့တာပါ။

အဲ့ဒီ ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားမှာ အစိုးရအဖွဲ့ဝင် တာဝန်ရှိသူတွေကို ကရင့်ရိုးရာချည်ဖြူတွေ ရင်းရင်းနှီးနှီးနဲ့ ခုလိုဖွဲ့ချည်ပေးခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းမှာတော့ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပမည့် ရသစာပေ စကားဝိုင်းကို တက်ရောက်မှာဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က