နေရာအလိုက်ဈေးကွာသွားမှာပါ။

မြေကွက်တွေကိုတော့ ရန်ကုန်တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်ရေးအဖွဲ့ရဲ့သတ်မှတ်ထားတဲ့ဈေးနှုန်းအတိုင်းရောင်းချပေးမှာလည်းဖြစ်ပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရကရောင်းချပေးမယ့် ပြည်သူလူထုအသိများတဲ့ သိန်း(၆၀)တန်မြေကွက်တွေဟာ အစိုးရကသတ်မှတ်ထားတဲ့ဈေးနှုန်းမဟုတ်ပဲ လူထုကပြောဆိုနေတဲ့ဈေးနှုန်းဖြစ်တယ်လို့ မြို့တော်စည်ပင်ကပြောပါတယ်။ အဆိုပါမြေကွက်တွေကိုတော့ မြို့နယ်အလိုက်၊ လမ်းအလိုက်ကွာခြားပြီး ဈေးနှုန်းတွေမတူညီနိုင်ဘူးလို့ဆိုပါတယ်။

“ ပေ (၄၀×၆၀)တစ်ကွက်ကို သိန်း(၆၀)လို့ပြောနေခြင်းက အပြင်မှာပြောနေကြတဲ့ဈေးနှုန်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်ရေးအဖွဲ့က သတ်မှတ်တဲ့ဈေးနှုန်းတွေမှာ တချို့ ပေ (၄၀×၆၀)တစ်ကွက်ကို သိန်း(၆၀)လည်းပါတယ်၊ သိန်း(၁၂၀)လည်းပါတယ်။ သူ့နေရာနဲ့သူ ဈေးတွေက သတ်မှတ်ထားပြီးဖြစ်လို့ မြို့နယ်အလိုက်၊ လမ်းအလိုက်ဈေးနှုန်းတွေက မတူညီနိုင်ပါဘူး။ တချို့ကပြောကြတယ်ဒီမြေကွက်က (၃၅)သိန်းကျော်လောက်ပဲအပြင်မှာပေါက်ဈေးရှိတယ် ဖြစ်ကောင်းဖြစ်နိုင်မှာပါ။ အခုသိန်း(၆၀)ဆိုတာလည်း ကျွန်တော်တို့သတ်မှတ်ထားတဲ့ဈေးနှုန်းမဟုတ်ပါဘူး” လို့ ရန်ကုန်မြို့တော်စည်ပင် တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောပါတယ်။

မြေကွက်လျှောက်ထားသူဦးရေဟာ အောက်တိုဘာလ(၁၈)ရက်နေ့ထိ (၇၇၈၆)ဦးရှိပြီး လျှောက်လွှာရောင်းချပေးမယ့် နောက်ဆုံး နိုဝင်ဘာလ(၈)ရက်နေ့ထိကို လျှောက်ထားသူ သောင်းကျော်ထိရှိလာနိုင်တယ်လို့ပြောပါတယ်။ ရောင်းချပေးမယ့်မြေကွက်ကတော့ ပထမဆုံးအဆင့်အနေနဲ့ မြေကွက်(၅၀၀)ကိုသာရောင်းချပေးသွားမှာပါ။ အခုရောင်းချမယ့် မြေကွက် (၅၀၀)ကို တာဝန်ရှိသူတွေအနေနဲ့တစ်ကွက်ချင်း ကွင်းဆင်းစစ်ဆေးထားပြီးတော့ အကွက်အားလုံးမှာ လမ်းရှိပြီးသားဖြစ်သလို လျှပ်စစ်မီးအတွက်လည်း ဓာတ်တိုင်များရှိပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။ မြေကွက်တွေကိုတော့ လျှောက်ထားတဲ့သူတွေကိုသေချာစိစစ်ပြီးမှ ရောင်းချပေးသွားမှာလည်းဖြစ်ပါတယ်။ 



က္က