သိန်းတစ်သောင်းခွဲ ပေါက်မဲနံပါတ်မှာ ည-၈၅၃၀၉၅ ဖြစ်ပါတယ်။
Mi Thawdar Aung

၁၇ ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲဆုကို ဆွတ်ခူးသွားသူဟာ မုံရွာမြို့ အောင်ဆုထူးပိုင် ထီဆိုင်ပိုင်ရှင် မဟုတ်ဘဲ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ဝရကျေးရွာက ကားသမားတစ်ဦးဖြစ်တယ်လို့သိရပါတယ်။

ကံထူးသူ ကားသမားကိုသောင်းထိုက်လင်းဟာ  မုံရွာမြို့၊ ဗိုလ်ချုပ်လမ်း၊ ရဲတိုက်တန်းရှိ အောင်ဆုထူးပိုင်ထီဆိုင်မှာ ည-၈၅၃၀၉၅ နံပါတ်ကို လာရောက်ထိုးသွားခဲ့ရာမှ သိန်းတစ်သောင်းခွဲဆု ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

 “ ကျွန်တော်ပေါက်တယ်လို့ထင်နေကြတာမဟုတ်ပါဘူး။ တကယ်ပေါက်တာက ကျွန်တော်တို့ဆိုင် ဝန်ထမ်းရဲ့ အစ်ကိုပါ။ သူက ဒီကိုလာရင် အမြဲတမ်းထီထိုးနေကြ။ အခု သူခရီးလွန်နေလို့ လှမ်းအကြောင်းကြားထားပါတယ်” လို့ မုံရွာမြို့ အောင်ဆုထူးပိုင်ထီဆိုင်ပိုင်ရှင် ကိုစိုးဝင်းကဆိုပါတယ်။

ဒီကနေ့ ဇူလိုင်လ ၁ ရက် မနက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သိန်းတစ်သောင်းခွဲဆုကို မုံရွာမြို့က အောင်ဆုထူးပိုင်ထီဆိုင်ပိုင်ရှင် ဆွတ်ခူးရရှိသွားတယ်လို့ သတင်းတွေ ပျံ့နှံ့လာခဲ့ပြီးနောက် အဆိုပါ ထီဆိုင်ပိုင်ရှင်က သူမဟုတ်ကြောင်း ပြန်လည်ပြောခဲ့ပါတယ်။

ထီဆိုင်ပိုင်ရှင် ကိုစိုးဝင်းဟာ အရင်က သိန်းတစ်သောင်းဆုပေါက်ခဲ့ဖူးသူဖြစ်ပြီး အခု သိန်းတစ်သောင်းခွဲဆုကိုလည်း သူပဲ ထပ်ပေါက်တယ်လို့သတင်းတွေပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။


က္က