ဆုလက်မှတ်ပေါင်း (၉၉၂၁) ဆု လာရောက်ထုတ်ယူခြင်းမရှိသေးပါဘူး။

၂၀၁၉ ခုနှစ် သြဂုတ်လ ၃၀ ရက်အထိ ထုတ်ယူဖို့ ကျန်ရှိနေသေးတဲ့ သိန်းသုံးထောင်ဆု အပါအဝင် သိန်းထီဆုတွေ လာရောက်ထုတ်ယူခြင်းမရှိပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၈ ခုနှစ် စက်တင်ဘာ (၁) ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ (၁၈)ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှ ရရှိတဲ့ ဆုလက်မှတ် အပါအဝင် ဆုလက်မှတ်ပေါင်း (၉၉၂၁) ဆုကို လက်ရှိအချိန်ထိ တောင်းခံခြင်းမရှိသေးဘူးလို့ သိရပါတယ်။ အဆိုပါဆုရလက်မှတ်တွေကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့ အထိ ရန်ကုန်နဲ့ မန္တလေးမြို့ အောင်ဘာလေသိန်းဆု ဌာနရုံးခွဲတွေကို တင်ပြပြီး ဆုငွေတွေကို တောင်းခံနိုင်တယ်လို့ဆိုပါတယ်။

(၁၈) ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီမှ ထုတ်ယူခြင်းမရှိသေးတဲ့ ဆုမဲစာရင်းအားလုံးကို မြို့နယ် အခွန် ဦးစီးဌာနမှူး ရုံးအသီးသီးမှာ ဒါမှမဟုတ်

www.irdmyanmar.gov.mm website မှာ ကြေညာထားပါတယ်။ အဆိုပါ ဆုမဲတွေမှာ သိန်း သုံးထောင်ဆု ၁ ဆု၊ သိန်းသုံးရာဆု ၄ ဆု၊ သိန်း တစ်ရာဆု ၃ဆု၊ သိန်းငါးဆယ် ဆုတစ်ဆု ၊ သိန်း သုံးဆယ်ဆု ၄ ဆု၊ ဆယ်သိန်းဆု ၇ ဆု၊ သုံးသိန်းဆု ၂၀ ဆု၊ နှစ်သိန်းဆု ၁၄၇ ဆု တို့ ဖြစ်တယ်လို့သိရပါတယ်။

တစ်နှစ်ပြည့်ပြီး ဆုငွေ လာရောက်ထုတ်ယူခြင်းမရှိတဲ့ ထီဆုတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီးနောက် လစဉ် ထီဆုမဲတွေကို ပြန်လည်တိုးမြှင့်ပေးသွားမယ်လို့လည်း ပြည်တွင်းအခွန်ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က Duwun ကိုပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က