တံတားပေါ်ကနေ ရေထဲ ပြုတ်ကျ သေဆုံးခဲ့တာပါ။

ဇူလိုင်လ ၃၀ ရက် မွန်းလွဲ ၁ နာရီကျော်လောက်က မန္တလေးတိုင်း အမရပူရမြို့နယ် ဦးပိန်တံတားကို အလည်အပတ်လာတဲ့ ခရီးသွားဧည့်သည် အမျိုးသားတစ်ဦး တံတားပေါ်ကနေ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ အမရပူရမြို့နယ်ရဲစခန်းကေနေ သိရပါတယ်။

Photo - အမရ ပူရ မြို့နယ် ထွေအုပ်



ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ဝါတုန်ကျေးရွာကနေ မန္တလေးမြို့ကို လာရောက်တဲ့ အသက် ၄၈ နှစ်အရွယ် ဦးအောင်မြင့်ဦးဆိုသူဟာ ဇနီးဖြစ်သူနဲ့ အတူ ဦးပိန်တံတားပေါ် သွားရောက်လည်ပတ်ရာကနေ တံတားပေါ်လမ်းလျှောက်ရင်း ပြုတ်ကျသေဆုံးခဲ့တာပါ။

ရေထဲပြုတ်ကျစဉ်မှာ အနီးအနားပတ်ဝန်းကျင်ကလူငယ်တွေ ရေထဲဆင်းဆယ်ယူဖို့ ရှာဖွေခဲ့ပေမယ့်လည်း မတွေ့ရခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ငှက်လှေအသင်းအဖွဲ့တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ထပ်မံရှာဖွေခဲ့ ရာမှာ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်မှာ သေဆုံးလျက်ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Photo - Nyein Win Fb

"ရေထဲကနေပြန်ဆယ်လာတဲ့အချိန်မှာ အသက်မရှိတော့ဘူး။ အလောင်းကိုတော့ သေမှုသေခင်းဖွင့်ပြီး တိုက်နယ်ဆေးရုံမှာစစ်ဆေးနေပါတယ်" လို့ အမရပူရမြို့နယ် မြို့မရဲစခန်းကတာဝန်ရှိသူတစ်ဦးက Duwun ကို ပြောပါတယ်။ သေဆုံးသူဟာ အတက်ရောဂါရှိသူလို့လည်း ရဲမှတ်တမ်းကဖော်ပြထားပြီး ဇနီးဖြစ်သူနဲ့အတူ တံတားပေါ်လမ်းလျှောက်ရင်း တံတားအမှတ် ၅၈ မြောက်ဖက်တိုင်အနီးမှာ ရေထဲပြုတ်ကျ သေဆုံးခဲ့တာဖြစ်ပါတယ်။

အဆိုပါ အမျိုးသား ရေထဲ ပြုတ်ကျချိန်က တောင်သမန်အင်းအတွင်း ရေပြည့်နေချိန် ဖြစ်ပြီး ဆယ်ယူရရှိတဲ့အလောင်းကို အမရရွှေဂူလူမှုကူညီရေးအသင်းကားနဲ့ အမရပူရတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမရပူရမြို့နယ်မြို့မရဲစခန်းက သေမှုသေခင်း ၁၃/၂၀၁၉ နဲ့အမှုရေးဖွင့်ဆောင်ရွက်ထားတယ်လို့လည်း ရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က