အနည်းဆုံး(၆၀)%အထက်မှာ အရှုံးပေါ်နေပါတယ်။
Ei Ei Htun

ဧပြီလမှာ ရောင်းချရမယ့်ထီအုပ်လက်ကျန်တွေကို အောင်ဘာလေသိန်းဆုဌာနက ထီကိုယ်စားလှယ်တွေထံ (၂၁)ရက်နေ့မှ ထုတ်ပေးခဲ့သလို ထီဖွင့်ရက်ကိုလည်း ပုံမှန်အတိုင်းသတ်မှတ်လိုက်တာကြောင့် ထီရောင်းသူတွေမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ 



လစဉ်လတိုင်းမှာ ရောင်းချရမယ့် ထီလက်မှတ်တွေကို လတစ်လရဲ့ ပထမအပတ်မှာ အကုန်ထုတ်ပေးလေ့ရှိပြီး ဒီလမှာတော့ ဧပြီ(၇)ရက်နေ့က တစ်ဖြတ်ထုတ်ရပြီး ဧပြီလ(၂၁)ရက်နေ့မှ အကုန်ထုတ်ပေးခဲ့တာကြောင့် ထီဖွင့်ရက်ကို နောက်ဆုတ်ပေးမယ်ထင်ခဲ့တယ်လို့ ထီရောင်းချသူ တစ်ဦးမှပြောပါတယ်။ 

“ ကျွန်တော်တို့က အခုချိန်မှတော့ကြိုးစားပြီးရောင်းနေရတာကလွဲလို့ မတက်နိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ထီကိုယ်စားလှယ်အားလုံးက အရှုံးနဲ့ပဲ လုပ်နေရတာ။အနည်း အများကွာတာပဲရှိမယ်။ ဒီလက ထီစာအုပ်တွေကိုနောက်ဆုံးအသုတ်က ဧပြီလ(၂၁)ရက်နေ့မှာ မဖြစ်မနေလာထုတ်ရမယ်ဆိုတော့ ကျွန်တော်တို့ကလည်း ဒါဆို တောင်းဆိုထားသလို ထီဖွင့်ရက်ရွှေ့ပေးမယ်ထင်ခဲ့တာ။(၂၁)ရက်နေ့ ထီလက်မှတ်တွေအကုန်ထုတ်ပြီးမှ နိုင်ငံတော်က ပုံမှန်အတိုင်းပဲ ထီဖွင့်ရက်ကို ကြေညာတော့ရိုက်ချလိုက်သလိုပေါ့ဗျာ။ အခုချိန်ထိ (၂၁)ရက်နေ့က သွားထုတ်ထားတဲ့ ထီအထုပ်လိုက်ကြီးရှိပါသေးတယ်” လို့ မိထ္ထီလာမြို့မှာ ထီကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုနေမျိုးဇော်က Duwun ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ COVID19 ရောဂါစတင်တွေ့ရှိခဲ့တဲ့ မတ်လကတည်းက စလို့ သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်အလိုက် လူသွားလူလာ နည်းပါးသွားတဲ့အတွက် ထီရောင်းချသူတွေမှာလည်း အရောင်းနည်းပါးခဲ့ကြပါတယ်။

ဧပြီလ(၁)ရက်နေ့က ထွက်ရှိတဲ့ (၁၄)ကြိမ်မြောက်ထီဖွင့်ပွဲမှာ ထီးကိုယ်စားလှယ်တွေအနေနဲ့ (၃၀)%အထက် အရှုံးပေါ်ခဲ့ကြသလို (၁၅)ကြိမ်မြောက် ထီဖွင့်ပွဲမှာတော့ အနည်းဆုံး (၆၀)%အထက်နဲ့ အများဆုံး ရာနှှုန်းပြည့် အရှုံးပေါ်နိုင်တယ်လို့ ကိုနေမျိုးဇော်ကပြောပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က