အောက်တိုဘာလ(၁၀)ရက်နေ့မှာပြေးဆွဲပေးမှာပါ။
Ei Ei Htun

ရန်ကုန်-မန္တလေး အစုန်အဆန်အထူးအမြန်ရထားကို အောက်တိုဘာလ(၁၀)ရက်နေ့မှာ ရန်ကုန်ကနေဆို ညနေ (၄)နာရီထွက်ခွာမှာဖြစ်ပြီး မန္တလေးကနေဆို ညနေ(၆)နာရီမှာ ထွက်ခွာမှာဖြစ်တယ်လို့သိရပါတယ်။ 

photo - Zaw Lwin

ယခုနှစ်သတင်းကျွတ်ပိတ်ရက်ကို အစိုးရကတရားဝင်ရုံးပိတ်ရက်အဖြစ် အောက်တိုဘာ(၁၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ သတ်မှတ်ပေးထားပါတယ်။ အခုလိုသီတင်းကျွတ်ပိတ်ရက်ကာလမှာ နေရပ်ဌာနေ အသီးသီးကို ပြန်ကြမယ့် ဝန်ထမ်းတွေအနေနဲ့ သွားလာမှုအဆင်ပြေအောင် ရန်ကုန်-မန္တလေး အစုန်အဆန်ရထား ပြေးဆွဲပေးမှာဖြစ်တယ်လို့ မြန်မာ့မီးရထားမှသိရပါတယ်။

“ အဓိကကတော့ ပိတ်ရက်မှာ ဝန်ထမ်းတွေပြန်ဖို့အဆင်ပြေအောင်ပြေးဆွဲပေးတာပေါ့။ ရန်ကုန်ကနေ မန္တလေး ၊ မန္တလေးကနေ ရန်ကုန် အစုန်အဆန် အထူးအမြန် ရထား (၂)စီးကို အောက်တိုဘာလ(၁၀)ရက်နေ့မှာပြေးဆွဲပေးမှာ။ ရန်ကုန်ကနေဆို (၁၀)ရက်နေ့ ညနေ (၄)နာရီထွက်မယ်၊ နောက်နေ့မနက် မန္တလေးကိုရောက်မယ်။ မန္တလေးကနေဆို (၁၀)ရက်နေ့ ညနေ(၆)နာရီထွက်မယ်။ နောက်နေ့ရန်ကုန်ရောက်ရှိမှာဖြစ်တယ်” လို့ မြန်မာ့မီးရထားသွားလာရေးဌာန တိုင်းမန်နေဂျာ ဦးဇော်လွင်က Duwun ကိုပြောပါတယ်။

photo - Zaw Lwin

သီတင်းကျွတ်ပိတ်ရက်မှာ ရန်ကုန်-မန္တလေး အစုန်အဆန်အထူးအမြန်ရထားပြေးဆွဲပေးမှာဖြစ်သလို ရန်ကုန်-ပုဂံကိုလည်း အထူးရထားပြေးဆွဲပေးသွားမှာလည်းဖြစ်ပါတယ်။ ရန်ကုန်-ပုဂံရထားကိုတော့ သီတင်းကျွတ်ပိတ်ရက်ကာလမှာ ပုဂံကို ဘုရားဖူးသွားကြမယ့် ပြည်သူတွေအနေနဲ့ သွားလာရေး အဆင်ပြေအောင်ပြေးဆွဲပေးတာဖြစ်တယ်လို့ မြန်မာ့မီးရထားဌာနကနေသိရပါတယ်။ ရန်ကုန်-ပုဂံအထူးရထားကိုတော့ ရန်ကုန်ဘူတာကြီးကနေ ပုဂံကို အောက်တိုဘာလ(၁၁)ရက်နေ့ နေ့လယ် (၂)နာရီ(၁၅)မိနစ်အချိန်မှာ ထွက်ခွာမှာဖြစ်တ်လို့ သိရပါတယ်။ 


က္က